ဂျာမနီမှာတော့ စွန့်ပစ်ပလတ်စတစ်တွေ လျှော့ချနိုင်ဖို့ ရည်ရွယ်ပြီး အကြွေစေ့စက်အသစ်တစ်မျိုးကို စတင်အသုံးပြုလျက် ရှိပါတယ်။ ခေါင်းလျှော်ရည်၊ လက်ဆေး ဆပ်ပြာရည်၊ ဆံပင်ပျော့ဆေး အစရှိတဲ့ ထုတ်ကုန်တွေအတွက် ပလတ်စတစ်ဘူးခွံတွေကို အသုံးပြုကြလေ့ရှိပြီး စွန့်ပစ်ပလတ်စတစ်ပစ္စည်း ပေါများစေတဲ့ အဓိက အကြောင်းရင်းတစ်ရပ် ဖြစ်ပါတယ်။
အကြွေစေ့စက်အသစ်ကို ဂျာမနီနိုင်ငံရဲ့ ဈေးဝယ်စင်တာတွေ၊ ရထားဘူတာ၊ ကားဂိတ်တွေမှာ ချထားပေးပြီး အကြွေစေ့ထည့်လိုက်တာနဲ့ ခေါင်းလျှော်ရည်၊ လက်ဆေး ဆပ်ပြာရည်၊ ဆံပင်ပျော့ဆေးအရည်တွေ စက်ထဲက ထွက်လာမှာ ဖြစ်ပါတယ်။ ဝယ်ယူသူတွေအနေနဲ့ အသုံးပြုပြီးသား ဘူးခွံဟောင်း ယူလာပြီး ဘူးထဲ ဖြည့်သွားရမှာပါ။ ဘူးခွံဖိုး မလိုအပ်လို့ ကုန်ကျစရိတ် သက်သာပြီး ပလတ်စတစ် ညစ်ညမ်းမှု၊ ကာဗွန်ထုတ်လွှတ်မှုတွေကိုလည်း လျှော့ချပေးနိုင်မယ့် နည်းလမ်းတစ်ရပ်လို့ သတ်မှတ်ခံထားရပါတယ်။
Ref: Germany, a new kind of vending machine is transforming how people shop for personal care items
NZ ( ရိုးရာလေး)

