အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ သိသိသာသာ မြင့်တက်လာ

24-6-2020-yyl-009.jpg

အမေရိကန်နိုင်ငံရဲ့ ပြည်နယ်တချို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ သိသိသာသာ မြင့်တက်နေတယ်လို့ အမေရိကန်နိုင်ငံရဲ့ ကူးစက်ရောဂါ ထိပ်တန်းကျွမ်းကျင်ပညာရှင် ဒေါက်တာဖော်စီက လွှတ်တော်အမတ်တွေကို ပြောပါတယ်။ ရောဂါကူးစက်မှုသစ်တွေကို တားဆီးနိုင်ဖို့အတွက် လာမယ့်ရက်ပိုင်းက အရေးပါလိမ့်မယ်လို့ ဒေါက်တာဖော်စီ ပါဝင်တဲ့ ကျန်းမာရေးအရာရှိများအဖွဲ့က ပြောပါတယ်။ အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂.၃ သန်းရှိပြီး အနည်းဆုံး လူ ၁၂၀၀၀၀ သေဆုံးခဲ့ပါတယ်။

အမေရိကန်နိုင်ငံရဲ့ ရောဂါကူးစက်ခံရသူ တရားဝင်အရေအတွက်ကို ထိန်းထားနိုင်ဖို့အတွက် ရောဂါစစ်ဆေးမှုတွေကို အရှိန်လျှော့ချလုပ်ဆောင်ဖို့ သူ့ရဲ့အဖွဲ့ကို ပြောခဲ့တယ်လို့ ပြီးခဲ့တဲ့အင်္ဂါနေ့က အရီဇိုးနားပြည်နယ်မှာ ကျင်းပခဲ့တဲ့ နိုင်ငံရေးစုဝေးပွဲမှာ ဒေါ်နယ်ထရမ့်က ပြောခဲ့ပါတယ်။ ဒါပေမဲ့ ရောဂါစစ်ဆေးမှုတွေကို အရှိန်လျှော့ချဖို့ ဘယ်သူတစ်ဦးတစ်ယောက်ကမျှ မပြောခဲ့ဘူး၊ အရင်ကထက်တောင် အရှိန်တင်လုပ်ဆောင်နေသေးတယ်လို့ ဒေါက်တာဖော်စီက ဆိုပါတယ်။ အမေရိကန်နိုင်ငံရဲ့တောင်ပိုင်းနဲ့ မြောက်ပိုင်းပြည်နယ်တွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ရုတ်တရက်မြင့်တက်နေပြီး အရီဇိုးနားပြည်နယ်မှာ တစ်ရက်တာ ရောဂါကူးစက်ခံရသူစံချိန်သစ်တင်ခဲ့ပါတယ်။ ဆေးရုံခုတင် ၈၀ ရာခိုင်နှုန်း လူပြည့်နေပြီး လာမယ့်ရက်ပိုင်းမှာ ကျန်းမာရေးစနစ် ယိုင်လဲသွားမလားဆိုတာ စိုးရိမ်ပူပန်နေရပါတယ်။ ဒါပေမဲ့ ၂၀၂၀ ပြည့်နှစ် နှစ်ကုန်မှာ ကာကွယ်ဆေးအသင့်ဖြစ်လိမ့်မယ်လို့ ဒေါက်တာဖော်စီက မျှော်မှန်းထားပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top