ယာဉ်ပြုပြင်ခ ဒေါ်လာ ၁၀၀ ပေးရတာကို မကျေနပ်ရာကနေ ပစ်ခတ်မှုလုပ်ခဲ့တာလို့ ကယ်လီဖိုးနီးယား သေနတ်သမား ဆို

31-1-2023yyl-8.jpg

လူ ၈ ဦး သေဆုံးစေခဲ့တဲ့ ကယ်လီဖိုးနီးယားပစ်ခတ်မှုမှ သေနတ်သမားဟာ ယာဉ်ပြုပြင်ခ ဒေါ်လာ ၁၀၀ ပေးရတာကို ဒေါသထွက်ခဲ့တယ်လို့ ကယ်လီဖိုးနီးယားအစိုးရရှေ့နေက ပြောပါတယ်။ အသက် ၆၆ နှစ်ရှိတဲ့ ချွန်းလီကျောက်ဟာ အမေရိကန်နိုင်ငံမှာ ၁၁ နှစ်ကြာ နေထိုင်ခဲ့တဲ့ တရုတ်နိုင်ငံသားဖြစ်ပြီး မှိုစိုက်ခင်းမှာ အလုပ်လုပ်သူပါ။

သူ့ရဲ့ forklift နဲ့ လုပ်ဖော်ကိုင်ဖက်ရဲ့ ဘူဒိုဇာ တိုက်မိလို့ ယာဉ်ပြုပြင်ခ ဒေါ်လာ ၁၀၀ ပေးရတာနဲ့ပတ်သက်ပြီး အငြင်းအခုံ ဖြစ်ခဲ့ကြပါတယ်။ ဒါဟာ ပစ်ခတ်တိုက်ခိုက်မှု ကျူးလွန်ရတဲ့ အကြောင်းရင်းပဲလို့ သေနတ်သမားက ထွက်ဆိုထားပါတယ်။

လုပ်ငန်းခွင်မှာ သတ်မှတ်ချိန်ထက် အလုပ်ပိုလုပ်ပေးရတာ၊ အနိုင်ကျင့်ခံရတာ၊ သူ့ရဲ့ တိုင်ကြားချက်တွေ လျစ်လျူရှုခံရတာ စတဲ့ အခြေအနေတွေ ကြုံခဲ့ရတယ်လို့လည်း ချွန်းလီကျောက်က ပြီးခဲ့တဲ့တစ်ပတ်က ထောင်တွင်း အင်တာဗျူးမှာ KNTV-TV ထံ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ သေဆုံးခဲ့သူ ၈ ဦးအနက် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၂ ဦးပါဝင်ပြီး သူတို့အားလုံးက စိုက်ပျိုးရေးလုပ်သားတွေပါ။ ၄ ယောက်ကတော့ ချွန်းလီကျောက် အလုပ်လုပ်နေတဲ့ ကယ်လီဖိုးနီးယားတာရာဂါးဒင်းမှာ ပစ်ခတ်ခံရတာဖြစ်ပြီး ၃ ယောက်ကတော့ ချွန်းလီကျောက် အရင်အလုပ်လုပ်ခဲ့တဲ့ ကွန်းကော့ဒ်စိုက်ပျိုးရေးခြံမှာ ပစ်ခတ်ခံခဲ့ရတာပါ။ သေဆုံးသူအားလုံးဟာ အာရှဖွား သို့ လက်တင်နွယ်ဖွားတွေ ဖြစ်ပါတယ်။

Ref: Half Moon Bay suspect was upset over $100 repair bill, prosecutor says

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top