ပျောက်ဆုံးနေခဲ့တဲ့ ၁၀ ရက်အတွင်း တစ်နေ့ကို ရေ ၁ ဂါလံသောက်ပြီး အသက်ရှင်ခဲ့တဲ့ တောင်တက်သမား

25.6.2024-yyl-2.jpg

ကယ်လီဖိုးနီးယားပြည်နယ်က အမျိုးသားတစ်ဦးဟာ တောင်တက်ရင်း လမ်းပျောက်ပြီး တောတောင်ထဲမှာ ၁၀ ရက်ကြာ သောင်တင်နေခဲ့ပါတယ်။ အသက် ၃၄ နှစ်အရွယ် လူးကပ်စ် မက်ခရစ်ချ်ဆိုတဲ့ အဲ့ဒီအမျိုးသားဟာ တောတောင် လမ်းပျောက်နေခဲ့တဲ့ ၁၀ ရက်အတွင်း အသက်ရှင်ဖို့အတွက် ရေပမာဏများစွာ သောက်သုံးခဲ့ရတယ်လို့ သိရပါတယ်။

လူးကပ်စ်က ဇွန်လ ၁၁ ရက်နေ့မှာ Santa Cruz Mountains မှာ ၃ နာရီကြာတောင်တက်ခရီးထွက်ဖို့ လုပ်ခဲ့တာပါ။ ဒါပေမဲ့ မကြာသေးခင်ကမှ တောမီးလောင်ကျွမ်းမှုအတွင်း ဒေသဆိုင်ရာအထင်ကရနေရာတွေပျက်စီးမှုကြောင့် တောတောင်ထဲမှာ လမ်းပျောက်သွားခဲ့ပါတယ်။

ဇွန်လ ၁၆ ရက်နေ့ အဖေများနေ့မှာ သူ ပေါ်မလာခဲ့တဲ့အတွက် သူ့မိသားစုက ပျောက်ဆုံးကြောင်း ရဲစခန်းကို သတင်းပို့ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးတွေလုပ်ဆောင်ခဲ့တာပါ။ the Santa Cruz Sheriff’s Office ကနေ ဒရုန်းကို ရှာဖွေမှုကြောင့် လူးကပ်စ်ကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရှာတွေ့ခဲ့ပါတယ်။ သူ့ကို ကယ်လီဖိုးနီးယားရဲ့အကြီးဆုံးပြည်နယ်ပန်းခြံ Big Basin Redwoods State Park မှာ ရှာတွေ့ခဲ့တာပါ။

လူးကပ်စ်က ဒဏ်ရာကြီးကြီးမားမားမရရှိခဲ့ဘဲ သူ့မိသားစုနဲ့ ပြန်ဆုံစည်းခဲ့ပါတယ်။ သူ ပင်ပန်းနွမ်းလျပြီး လည်ချောင်းနာကာ အသံပျောက်သွားခဲ့တယ်လို့ သူက အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။ လမ်းကို လှည့်ပတ်ရှာရင်း တွေ့တဲ့ စမ်းချောင်း၊ ရေတံခွန်က ရေတွေကို သောက်သုံးရင်း အသက်ရှင်ခဲ့ရတာပါ။ တစ်နေ့ကို ရေ ၁ ဂါလံသောက်သုံးခဲ့တယ်လို့ ဆိုပါတယ်။

Ref: Hiker missing for 10 days in California mountains survived by drinking a gallon of water each day

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top