မိခင်ဖြစ်သူရဲ့ဖုန်းနဲ့ Amazon ကနေ ဒေါ်လာ ၃၀၀၀ ကျော်ဖိုး ပစ္စည်းတွေမှာယူပစ်ခဲ့တဲ့ ၅ နှစ်သမီးလေး

4.4.2023-yyl-iamge-7.jpg

ဂျက်စီကာ နုနက်စ် အမည်ရတဲ့ ကလေးမိခင်တစ်ဦးက ကားမောင်းနေရင်း သူ့ရဲ့ ၅ နှစ်သမီးလေး လီလာ ငြိမ်နေစေဖို့အတွက် သူ့ရဲ့ဖုန်းကို ပေးထားလိုက်တယ်။ ဒါပေမဲ့ အွန်လိုင်းကနေ ဈေးဝယ်တတ်တဲ့ သူ့ကလေးရဲ့လုပ်နိုင်စွမ်းကို လျှော့တွက်မိခဲ့တယ်။ လီလာက သူ့အမေရဲ့ဖုန်းနဲ့ Amazon ကနေ ဒေါ်လာ ၃၀၀၀ ကျော် ဖိုး ပစ္စည်းတွေ ဝယ်ယူပစ်ခဲ့တာပါ။

ဂျက်စီကာက Amazon အက်ပလီကေးရှင်းရဲ့အော်ဒါမှတ်တမ်းကို သွားကြည့်တော့မှ ဖိနပ်ဆိုဒ် ၇ ကောင်းဘွိုင်ဘွတ်ဖိနပ် (၁၀) ရံ၊ ကလေးကစားစရာမော်တော်ဆိုင်ကယ် (၁၀) စီး၊ ဂျစ်ကား (၁) စီးတို့ကို မှာယူထားတာတွေ့ခဲ့ရတာပါ။ မော်တော်ဆိုင်ကယ်နဲ့ ဂျစ်ကာအတွက် ဒေါ်လာ ၃၁၈၀၊ ဘွတ်ဖိနပ်တွေအတွက် ဒေါ်လာ ၆၀၀ လောက် ကျသင့်ခဲ့ပါတယ်။ လီလာက Amazon အက်ပလီကေးရှင်းကို အသုံးပြုပြီး သူ ကြိုက်နှစ်သက်ရာ ဘွတ်ဖိနပ်နဲ့ အရုပ်တွေကို ရွေးချယ်ပြီး “Buy Now” ကို နှိပ်ခဲ့တယ်လို့ ဂျက်စီကာရဲ့ပြောစကားအရ သိရပါတယ်။

ကံကောင်းထောက်မစွာနဲ့ ဂျက်စီကာက ဘွတ်ဖိနပ်တွေနဲ့ မော်တော်ဆိုင်ကယ်တစ်ဝက်စာအတွက် မှာယူမှုကို ပြန်လည်ရုပ်သိမ်းနိုင်ခဲ့ပါတယ်။ ကလေးတွေအတွက် ထိုင်ခုံနှစ်လုံးပါ ဂျစ်ကားနဲ့ ကျန်ရှိနေတဲ့ မော်တော်ဆိုင်ကယ် (၅) စီးကတော့ လီလာဆီ ရောက်လာခဲ့ပါတယ်။

ဂျက်ဆီကာက သူ့သမီး အခုလိုမှာယူခဲ့တဲ့အတွက် ရိုက်နှက်ဆုံးမခဲ့ခြင်းမျိုးမရှိခဲ့ပါဘူး။ ကောင်းကောင်းပြုမူနေထိုင်ပြီး အိမ်အလုပ်တွေ လုပ်မယ်ဆိုရင် လီလာရဲ့အသက်အပိုင်းအခြားနဲ့ ပိုလိုက်ဖက်တဲ့ ဆိုင်ကယ်တစ်စီးဝယ်ပေးလို့ရတယ်လို့ပဲ ပြောခဲ့တာပါ။

Ref: 5-year-old Girl Orders Items Worth Rs 2.47 Lakh On Amazon Using Her Mother’s Phone

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top