ကမ္ဘာခေါင်းဆောင်ကြီးတွေ တက်ရောက်နိုင်ဖွယ်ရှိတဲ့ အိန္ဒိယဘီလျံနာရဲ့သားဖြစ်သူ မင်္ဂလာပွဲ

10.7.2024-yyl-3-1.jpg

အာရှရဲ့အချမ်းသာဆုံးပုဂ္ဂိုလ် မူကက်ရှ်အမ်ဘာနီရဲ့သားဖြစ်သူ အာနန့် အမ်ဘာနီဟာ မွမ်ဘိုင်းရှိ The Jio World Convention Centre မှာ ဇူလိုင် ၁၂ ကနေ ၁၄ ရက်နေ့အထိ ၃ ရက်တာ မင်္ဂလာပွဲကျင်းပဖို့ စီစဉ်ထားပါတယ်။ အဲ့ဒီမင်္ဂလာပွဲကို တက်ရောက်ဖို့မျှော်လင့်ရတဲ့ ဧည့်သည်တွေထဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းဟီလာရီ ကလင်တန်နဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ် ဂျွန်ဆင်တို့ပါဝင်တယ်လို့ သိရပါတယ်။

အဲ့ဒီမင်္ဂလာပွဲကို ဧည့်သည် ၁၂၀၀ ဝန်းကျင်တက်ရောက်မယ်လို့ သိရပါတယ်။ အာရှရဲ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ် ဂေါတမ် အဒါနီ တက်ရောက်မှာကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။
မင်္ဂလာပွဲအကြိုဆင်နွှဲမှုကို မတ်လကတည်းကနေ စတင်နေခဲ့တာဟာဆိုရင် အခုအချိန်ထိပါပဲ။ ကမ္ဘာကျော်အဆိုတော်တွေကို ဖိတ်ကြားပြီး ဆင်နွှဲခဲ့ကြတာပါ။ မင်္ဂလာပွဲအကြိုအခမ်းအနားအတွက်တင် အမေရိကန်ဒေါ်လာ သန်း ၉၀၀ ကျော်ကုန်ကျနေပြီလို့ သိရပါတယ်။

Ref: Hillary Clinton, Boris Johnson expected to attend Anant Ambani’s wedding

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top