19.6.2024-yyl-1.png

နှစ် ၂၀ လုံးလုံး ဘာအလုပ်မှ မလုပ်ရဘဲ လစာပေးထားလို့ ကုမ္ပဏီကို တရားစွဲခဲ့သူ

ပြင်သစ်အမျိုးသမီးတစ်ဦးဟာ နှစ် ၂၀ လုံးလုံး ဘာအလုပ်မှ မလုပ်ရဘဲ လစာရနေတဲ့အတွက် ပြင်သစ်ဆက်သွယ်ရေးကုမ္ပဏီ Orange ကို တရားစွဲခဲ့ပါတယ်။ စိတ်ဓာတ်ပျက်ပြားအောင် လုပ်မှု၊ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှုပုဒ်မတွေနဲ့ တရားစွဲခဲ့တာပါ။ လောရင့်ဗန်ဝက်ဆန်ဟော့ဟာ ၁၉၉၃ ခုနှစ်ကတည်းက ပြင်သစ်အစိုးရပိုင်…

18.6.2024-yyl-3.jpg

နာမည်ကျော် Youtuber MrBeast က ဆင်းရဲနွမ်းပါးတဲ့မိသားစု ၂၀၀ ကို ဒေါ်လာ ၂ သိန်း လှူဒါန်းပေး

နာမည်ကျော် Youtuber MrBeast က ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေကို ဒေါ်လာ ၂ သိန်း လှူဒါန်းပေးခဲ့ပါတယ်။ ဆင်းရဲမှုဒဏ် ဆိုးဆိုးရွားရွား ခံစားနေရတဲ့ ယူဂန်ဒါနိုင်ငံ ကာရာမိုဂျာမြို့မှ အိမ်ခြေ ၂၀၀ ကို GiveDirectly ပရဟိတအဖွဲ့မှတစ်ဆင့်…

17.6.2024-yyl-1.jpg

ဗီဇာရက်လွန်ကြေး ပေးဆောင်ခိုင်းလို့ စိတ်တိုသွားတဲ့ ဗီယက်နမ်အမျိုးသမီးက ဖိလစ်ပိုင်လေဆိပ်မှာ ဝတ်လစ်စလစ် လျှောက်သွားနေ

ဗီဇာရက်လွန်ဒဏ်ကြေး တောင်းလို့ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေနဲ့ အချင်းများခဲ့တဲ့ ဗီယက်နမ်အမျိုးသမီးဟာ ဖိလစ်ပိုင်လေဆိပ်ထဲမှာ ဝတ်လစ်စလစ်နဲ့ လျှောက်သွားနေလို့ လူအများ အံ့အားသင့်စရာ ဖြစ်ခဲ့ကြပါတယ်။ သူထရန်ငုယင်လို့ အမည်ရတဲ့ ၃၄ နှစ်အရွယ် အမျိုးသမီးဟာ ဇွန်လ ၈ ရက်နေ့က ဟိုချီမင်းမြို့ကို…

16.6.2024-yyl-1.jpg

တစ်နှစ်တာအထင်ကရ အဖြစ်ဆုံးသစ်ပင်အဖြစ် ရွေးချယ်ခံရတဲ့ လမ်းလျှောက်သစ်ပင်

လမ်းလျှောက်နေတဲ့ ပုံသဏ္ဍာန်ကြောင့် လမ်းလျှောက်သစ်ပင်လို့ ချစ်စနိုးခေါ်ကြတဲ့ မြောက်ပိုင်းရာတာမျိုးနွယ်ဝင် သစ်ပင်ကြီးဟာ ၂၀၂၄ ခုနှစ်အတွက် နယူးဇီလန်နိုင်ငံရဲ့ တစ်နှစ်တာအထင်ကရ အဖြစ်ဆုံးသစ်ပင်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ နယူးဇီလန်နိုင်ငံ တောင်ကျွန်းသုဿန်အနီးမှာ တည်ရှိတဲ့ ဒီသစ်ပင်ကြီးဟာ ပင်စည်နှစ်ခွဖြစ်နေပြီး လူတစ်ယောက် ခြေလှမ်းနေတဲ့ပုံသဏ္ဍာန်ဖြစ်နေတာပါ။ နယူးဇီလန်နိုင်ငံရဲ့…

15.6.2024-yyl-1.jpg

ထိုင်းနိုင်ငံမှာ ကြုံတောင့်ကြုံခဲ ဆင်အမြွှာပူး မွေးဖွား

ထိုင်းနိုင်ငံ အလယ်ပိုင်း အယုဒ္ဓယဆင်နန်းတော်မှာ ဆင်အမြွှာပူး မွေးဖွားခဲ့ပါတယ်။ အသက် ၃၆ နှစ်ရှိတဲ့ ဆင်မကြီး ချမ်ချူရီက ပြီးခဲ့တဲ့သောကြာနေ့မှာ ဆင်ထီးလေးတစ်ကောင် မွေးခဲ့ပါတယ်။ တိရစ္ဆာန်ရုံ ဝန်ထမ်းတွေက ဆင်မကြီး သားပေါက်တာ ပြီးဆုံးပြီလို့ ထင်ခဲ့ကြပေမဲ့ ဆင်မကြီးဗိုက်ထဲကနေ…

14.6.2024-yyl-3.png

တောင်အာဖရိကမှ သားအဖနှစ်ဦး ပူးပေါင်းဖန်တီးတဲ့ ဒရုန်းက ကမ္ဘာ့အမြန်ဆုံးစံချိန်တင်

တောင်အာဖရိကနိုင်ငံမှ သားအဖနှစ်ဦး ပူးပေါင်းဖန်တီးခဲ့တဲ့ Peregreen-2 မောင်းသူမဲ့ယာဉ်ဟာ ကမ္ဘာ့အမြန်ဆုံး ဒရုန်းအဖြစ် ကမ္ဘာ့စံချိန် တင်နိုင်ခဲ့ပါတယ်။ ဝေဟင်ဗီဒီယို၊ ဓာတ်ပုံတွေ ရိုက်ကူးတဲ့ ဓာတ်ပုံဆရာ လုခ်ဘဲလ်တို့သားအဖဟာ စက်မှုအင်ဂျင်နီယာ လိတ်ဒ်မန်း ဖန်တီးခဲ့တဲ့ RC quadcopter ဒရုန်းရဲ့…

14.6.2024-yyl-2.jpg

အဝေးကြီးကနေ အထက်တန်းပညာဘွဲ့ယူနေတဲ့သားဖြစ်သူကို Surprise လာလုပ်ပေးခဲ့တဲ့ ဖခင်

ရေတပ်က ဖခင်တစ်ဦးဟာ Brackenridge High School မှာ အထက်တန်းပညာဘွဲ့ရယူနေတဲ့သားဖြစ်သူဆီ တောင်တရုတ်ပင်လယ်ကနေ ၁၇ နာရီကြာခရီးနှင်ပြီး ရောက်အောင်လာခဲ့ပါတယ်။ အမေရိကန်လေတပ်အဖွဲ့ဝင် ဒေးဗစ် ကက်စတီလိုက သားဖြစ်သူ ဒေးဗစ်ရန်ဒီကက်စတီလိုဆီ လာပြီး Surprise လုပ်ခဲ့တဲ့ အခိုက်အတန့်ကို…

14.6.2024-yyl-1.jpg

လက်သည်းခွံလောက်ပဲရှိပြီး လေယာဉ်အင်ဂျင်သံလောက် အသံထုတ်လွှတ်နိုင်တဲ့ ငါး

ခန္ဓာကိုယ်တစ်ခုလုံးကို ဖောက်ထွင်းမြင်နေရပြီး လက်သည်းခွံလောက်သာရှိတဲ့ Danionella cerebrum ငါးဟာ ခရီးသည်တင် လေယာဉ်အင်ဂျင်လောက် အသံထုတ်လုပ်နိုင်စွမ်းရှိတာကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ပါတယ်။ ၁၂ မီလီမီတာလောက်ပဲရှိတဲ့ Danionella cerebrum ငါးဟာ အသံထုတ်လွှတ်တဲ့ ကြွက်သားတွေနဲ့ အရိုးနုကို အသုံးပြုပြီး…

13.6.2024-yyl-1.jpg

ဆွဲကြိုးတစ်ကုံးကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သူ

သေနတ်နဲ့အနီးကပ်ပစ်ခံခဲ့ရတဲ့ အမျိုးသားတစ်ဦးဟာ သူ့ဆွဲကြိုးကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ စကားများ ရန်ဖြစ်ရာကနေ သေနတ်နဲ့ပစ်ခံခဲ့ရတာပါ။ ဒါပေမဲ့ ပွိုင့် ၂၂ သေနတ်ကျည်က သံကွင်းဆက်ပုံစံ ဆွဲကြိုးကို ထိမှန်ခဲ့ပြီး ရင်ဘတ်ကို…

12.6.2024-yyl-6-1.jpg

ဆင်တွေဟာ လူသားတွေအတိုင်း အမည်တပ်ခေါ်နိုင်စွမ်းရှိတဲ့ တစ်မျိုးတည်းသော သတ္တဝါဖြစ်တယ်လို လေ့လာတွေ့ရှိ

လူသားတွေကလွဲရင် သတ္တဝါတွေထဲမှာ ဆင်တွေက တစ်ကောင်နဲ့တစ်ကောင် နာမည်ခေါ်တတ်တဲ့ တစ်မျိုးတည်းသော သတ္တဝါဖြစ်တယ်လို သုတေသီတွေက ကောက်ချက်ချခဲ့ကြပါတယ်။ ဆင်တွေဟာ ဝမ်းနည်းပူဆွေးတတ်သလို သားပေါက်တွေကိုလည်း စုပေါင်းပျိုးထောင်လေ့ရှိပါတယ်။ ဒါဟာ လူသားတွေနဲ့ သဘာဝချင်း နီးစပ်ပါတယ်။ ဒါ့အပြင် ရှုပ်ထွေးတဲ့ အသံလှိင်းအနိမ့်ကို…