27.8.2024-yyl-3.jpg

တောနက်ထဲ ၅ ရက်ကြာ ပျောက်ဆုံးနေတဲ့ ၅ နှစ်ကလေးကို အသက်ရှင်လျက် ပြန်တွေ့

တောနက်ထဲမှာ ၅ ရက်ကြာ ပျောက်ဆုံးသွားတဲ့ ၅ နှစ်အရွယ် ဗီယက်နမ်ကလေးငယ်ကို အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့ပါတယ်။ ဒန်တီယန်လမ်ဟာ မောင်နှမတွေနဲ့အတူ ချောက်တစ်ခုထဲမှာ ကစားရင်း တောင်ကုန်းတစ်ခုပေါ် တက်သွားခဲ့တာပါ။ အဲဒီနောက်မှာ မျက်စိလည်ပြီး လမ်းပျောက်သွားခဲ့ပါတယ်။ အပူပိုင်း မိုးသစ်တောတွေဟာ…

27.8.2024-yyl-1.jpg

ကောင်းကင်ဒိုင်ဗင်ထိုးပြီးတော့ အသက် ၉၀ ပြည့်မွေးနေ့ကို ဆင်နွှဲခဲ့တဲ့ အမျိုးသမီး

ကယ်လီဖိုးနီးယားပြည်နယ်က အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့အသက် ၉၀ ပြည့်မွေးနေ့ကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ကောင်းကင်ဒိုင်ဗင်ထိုးပြီးတော့ ဆင်နွှဲခဲ့တာပါ။ ရှီအာလေ တူတာဆိုတဲ့ အဲ့ဒီအမျိုးသမီးကြီးက ပရော်ဖက်ရှင်နယ်ကောင်းကင်ဒိုင်ဗင်သမားတစ်ဦးနဲ့အတူ ဒိုင်ဗင်ထိုးခဲ့တာပါ။ ရှီအာလေက ကောင်းကင်ဒိုင်ဗင်ထိုးပြီးနောက် မြေပြင်ပြန်ရောက်တဲ့အချိန် “ဒါဟာ ပျော်စရာကောင်းတယ်။ နောက်ထပ် ဘယ်တော့မှလမ်းမလျှောက်နိုင်လောက်အောင်ပဲ”လို့…

26.8.2024-yyl-3.jpg

Female John Wick အဖြစ် ပြောစမှတ်ပြုခံနေရတဲ့ အိုလံပစ်သေနတ်ပစ်အားကစားသမား ကြော်ငြာတွေအများကြီး လက်ခံနေရ

အိုလံပစ်ပြိုင်ပွဲမှာ ငွေတံဆိပ်ဆုရရှိခဲ့တဲ့ အသက် ၃၁ နှစ်အရွယ် တောင်ကိုရီးယားသေနတ်ပစ်အားကစားသမား ကင်ယဲဂျီရဲ့ပရိသတ်တွေကတော့ မကြာခင်မှာ သူ့ကို ကြော်ငြာတွေမှာ မြင်တွေ့ရတော့မှာပါ။ ကင်ယဲဂျီဟာ ဖျော်ဖြေရေးကုမ္ပဏီ PLFIL နဲ့ စာချုပ်ချုပ်ဆိုထားပါတယ်။ “ပိုမိုကြီးမားတဲ့ စင်မြင့်ထက်ရောက်ဖို့ ကင်ယဲဂျီကို အပြည့်အဝထောက်ပံ့ပြီး…

26.8.2024-yyl-2.jpg

ရာစုနှစ်အတွင်း အကြီးမားဆုံး စိန်ပွင့်ကြီးကို ဘော့စ်ဝါနာနိုင်ငံမှာ တူးဖော်တွေ့ရှိ

ရာစုနှစ်အတွင်း အကြီးမားဆုံး စိန်ပွင့်ကြီးကို ဘော့စ်ဝါနာနိုင်ငံမှာ တူးဖော်တွေ့ရှိခဲ့ပါတယ်။ ကနေဒါကုမ္ပဏီ Lucara Diamond က X-ray နည်းပညာအသုံးပြုပြီး ရှာဖွေနေတဲ့ ကာရိုဝီမိုင်းတွင်းမှာ ၂၄၉၂ ကာရက်ရှိတဲ့ စိန်ပွင့်ကြီးကို ပြီးခဲ့တဲ့သီတင်းပတ်မှာ တွေ့ရှိခဲ့တာပါ။ ဒီစိန်ပွင့်ကြီးဟာ ရာစုနှစ်တစ်ခုကျော်ကာလအတွင်း…

26.8.2024-yyl-1.jpg

၀ရန်တာမှ ပြုတ်ကျလုဆဲဆဲဖြစ်နေတဲ့ ကလေးငယ်ကို ဘရာဇီးရွှေ့ပြောင်းလုပ်သားက ကယ်တင်ပေးခဲ့

ဝရန်တာကနေ ပြုတ်ကျလုဆဲဆဲဖြစ်နေတဲ့ ကလေးငယ်ကို အသက်စွန့် ကယ်တင်နိုင်ခဲ့တဲ့ ရွှေ့ပြောင်းလုပ်သား အမျိုးသားတစ်ဦးဟာ သူရဲကောင်းအဖြစ် ချီးကျူးခံနေရပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က စပိန်နိုင်ငံ အလီကန်တီမြို့မှာ အခုလို သည်းလှိုက်ရင်ဖိုဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။ ဘရာဇီးနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ဖီးလစ်ဒေးဗစ်ဆူဇာက သူအလုပ်လုပ်တဲ့တိုက်ရဲ့ ပြတင်းပေါက်အပြင်ဘက်မှာ…

23.8.2024-yyl-5.jpg

ခန္ဓာကိုယ်ရဲ့နေရာ ၉၉.၉၈ ရာခိုင်နှုန်းအထိ တက်တူးထိုးပြီး ဂင်းနက်စ်စံချိန် တင်ခဲ့တဲ့ ဖူအာဇီနာ

အမေရိကန်အမျိုးသမီးတစ်ဦးဟာ ခန္ဓာကိုယ်ရဲ့နေရာ ၉၉.၉၈ ရာခိုင်နှုန်းအထိ တက်တူးထိုးပြီး ဂင်းနက်စ်စံချိန် တင်ခဲ့ပါတယ်။ ကွန်နက်တီကပ်ပြည်နယ်မှာ နေထိုင်တဲ့ အသက် ၃၆ နှစ်အရွယ် အမျိုးသမီး ဖူအာဇီနာဟာ တက်တူးအများဆုံး ထိုးထားတဲ့ အမျိုးသမီး၊ ခန္ဓာကိုယ် ပြင်ဆင်မှု အများဆုံးလုပ်ထားတဲ့…

22.8.2024-yyl-5.png

ပွင့်ချက်၊ သစ်ရွက်တွေနဲ့ လက်ရာမြောက်ဖန်တီးမှုတွေ လုပ်ခဲ့တဲ့ အနုပညာရှင်

ဂျပန်နိုင်ငံဖွား ကနေဒါအနုပညာရှင် ရာကူအီနူးက ပန်းပွင့်တွေ၊ သစ်ရွက်တွေနဲ့ သစ်ပင်မှ အခြားအစိတ်အပိုင်းတွေကို အသုံးပြုပြီး ဂန္ထဝင်ကာတွန်းဇာတ်ကောင်တွေ၊ တိရစ္ဆာန်ပုံတွေကို လှပစွာ ဖန်တီးပုံဖော်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်က လေပြင်းပြင်း တိုက်နေတဲ့နေ့မှာ အီနူးက အိမ်နောက်ဖေး ပန်းခြံထဲမှာထိုင်ရင်း နှင်းဆီပွင့်တွေ…

23.8.2024-yyl-3.jpg

ဗြိတိန်နည်းပညာလုပ်ငန်းရှင် Mike Lynch ရဲ့ရုပ်အလောင်းကို နစ်မြုပ်သွားတဲ့ရွက်လှေအပျက်အစီးထဲကနေ ဆယ်ယူရရှိ

ဗြိတိန်နည်းပညာလုပ်ငန်းရှင် Mike Lynch ရဲ့ရုပ်အလောင်းကို အီတလီနိုင်ငံ၊ မစ္စလီကမ်းရိုးတန်းမှာ နစ်မြုပ်သွားတဲ့ ရွက်လှေအပျက်အစီးတွေထဲက ပြန်လည်တွေ့ရှိခဲ့တယ်လို့ အီတလီအစိုးရတာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့ပါတယ်။ တနင်္လာနေ့မနက်အစောပိုင်းမှာ ပြင်းထန်တဲ့ မုန်တိုင်းကြောင့် Mike Lynch အပါအဝင် ခရီးသည် ၁၂ ဦးနဲ့…

23.8.2024-yyl-1.jpg

ဘန်ကောက်မြို့အနီးနား တောထဲ လူ ၉ ဦးတင်ဆောင်လာတဲ့ လေယာဉ်တစ်စီးပျက်ကျ

ကြာသပတေးနေ့က ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်အနီးမှာ လူ ၉ ဦးတင်ဆောင်လာတဲ့ လေယာဉ်တစ်စီး ပျက်ကျခဲ့ပြီး ကယ်ဆယ်ရှာဖွေရေးအဖွဲ့က ညဉ့်နက်ပိုင်းအထိ ရှာဖွေရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်ခဲ့ရပါတယ်။ လေယာဉ်ပေါ်ပါလာခဲ့တဲ့ တရုတ်လူမျိုး ခရီးသည် ၅ ဦးနဲ့ ထိုင်းလူမျိုး ခရီးသည် ၂ ဦးနဲ့အတူ…

22.8.2024-yyl-4.png

မျောက်ကျောက်ရောဂါက ကိုဗစ်-၁၉ လို ကပ်ဘေးဖြစ်လာမှာမဟုတ်ဘူးလို့ WHO အရာရှိ ဆို

မျိုးကွဲသစ် ဖြစ်ဖြစ်၊ မျိုးကွဲဟောင်း ဖြစ်ဖြစ် မျောက်ကျောက်ရောဂါ(mpox) ကူးစက်ပြန့်ပွားမှုက ကိုဗစ်-၁၉ လို ကပ်ဘေးတစ်ခု ဖြစ်လာမှာ မဟုတ်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ရဲ့ အရာရှိတစ်ဦးက ဆိုပါတယ်။ မျောက်ကျောက်ရောဂါ ကူးစက်ပြန့်ပွားမှုကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ အာဏာပိုင်တွေက သိထားကြပြီးဖြစ်တယ်လို့ သူက…