16.10.2024-yyl-1.jpg

အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် ဆွဲထားတဲ့ ကစားကွင်းအတိုင်း ပုံဖော်ဖန်တီးပေးခဲ့

အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် ဆွဲထားတဲ့ပုံထဲမှ ကစားကွင်းကို မြို့အာဏာပိုင်တွေက အကောင်အထည်ဖော်ပေးခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ယူတားပြည်နယ် ကလီးယားဖီးလ်မြို့မှာ နေထိုင်တဲ့ မိန်းကလေးငယ် ရိုဆီလီဟာ သော်နော့ခ်ပန်းခြံထဲမှာ ကလေးကစားကွင်း တည်ဆောက်နေတာကို တွေ့ပြီး ကစားကွင်းထဲမှာ တပ်ဆင်ထားတဲ့…

15.10.2024-yyl-4.jpg

အိန္ဒိယနိုင်ငံသားတီထွင်တဲ့ အဝတ်လျှော်စက် ကမ္ဘာ့အသေးငယ်ဆုံးအဖြစ် ဂင်းနက်စ်စံချိန်တင်

အိန္ဒိယနိုင်ငံသားတစ်ဦး တီထွင်ခဲ့တဲ့ တစ်လက်မသာသာ အဝတ်လျှော်စက်ဟာ ကမ္ဘာ့အသေးဆုံး အဝတ်လျှော်စက်အဖြစ် ဂင်းနက်စ်စံချိန် တင်ခဲ့ပါတယ်။ ဆီဘင်ဆာဂျီ တီထွင်ခဲ့တဲ့ အဝတ်လျော်စက်ဟာ အလျား ၁.၂၈ လက်မ၊ အနံ ၁.၃၂ လက်မ၊ အမြင့် ၁.၅၂ လက်မပဲရှိပြီး…

15.10.2024-yyl-2-1.jpg

သူ့ထက် အသက် ၂၀ ကြီးတဲ့ အိမ်ပိုင်ရှင်မနဲ့လက်ထပ်လိုက်တဲ့ တရုတ်အမျိုးသားရဲ့အချစ်ဇာတ်လမ်း လူမှုကွန်ယက်မှာ ပျံ့နှံ့နေ

တရုတ်ပြည်မကြီးက အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးဟာ သူ့ကိုယ်ပိုင်လုပ်ငန်းစတင်ဖို့အတွက် သူ့ဇာတိမြေကနေ ရှိန်းကျိန့်မြို့ကို ပြောင်းရွှေ့လာခဲ့ပါတယ်။ ဒါပေမဲ့ အရာရာတိုင်းက သူထင်ထားသလောက် မလွယ်ကူမှန်း သူ မြန်မြန်သဘောပေါက်ခဲ့တယ်။ သူ ပြောင်းရွှေ့ပြီး နှစ်အနည်းငယ်အကြာမှာ အိမ်ငှားခပေးရမယ့်အချိန်‌ရောက်တော့ အခက်အခဲဖြစ်လာခဲ့တယ်။…

15.10.2024-yyl-1.jpg

ကင်ဆာဆေးရုံ တက်သူတွေအတွက် ရပ်ရွာအခြေပြု မီးဖိုဆောင် ဖန်တီးပေးခဲ့တဲ့ တရုတ်ဇနီးမောင်နှံ

တရုတ်နိုင်ငံ နန်ချန်းမြို့ ကင်ဆာဆေးရုံနားမှ လမ်းကြားလေးမှာတော့ ဆေးရုံတက်နေရသူတွေ၊ ဆေးရုံစောင့်ရသူတွေ ချက်ပြုတ်စားသောက်နိုင်ဖို့ ရပ်ရွာအခြေပြု မီးဖိုဆောင်တစ်ဆောင် ရှိပါတယ်။ ဒီမီးဖိုဆောင်ကို အကောင်အထည်ဖော် ဖွင့်လှစ်ခဲ့သူတွေကတော့ ဝမ်ကျိုးချန်နဲ့ ဟောင်ကျန်ရှင်းတို့ဇနီးမောင်နှံပါပဲ။ ၁၉၉၃ ခုနှစ်မှာ ဝမ်နဲ့ဟောင်တို့ ဇနီးမောင်နှံက ကျန်းရှီကင်ဆာဆေးရုံဘေးမှာ…

14.10.2024-yyl-1.png

ဖခင်ကိုသတ်တဲ့ တရားခံကို ကိုယ်တိုင်ဖမ်းဆီးပေးနိုင်ခဲ့တဲ့ ဘရာဇီးအမျိုးသမီး

ဘရာဇီးအမျိုးသမီးတစ်ဦးဟာ အသတ်ခံရတဲ့ဖခင်အတွက် ၂၅ နှစ်အကြာမှာ အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်ပြီး တရားခံကို ကိုယ်တိုင်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်မှာ ဂစ်လိန်းရဲ့ဖခင် ဂီဗယ်ဒိုဟာ ဘိုအာဗစ်စတာမြို့မှ ဘားတစ်ခုမှာ အကြွေးကိစ္စနဲ့ စကားများခဲ့ပါတယ်။ ဂီဗယ်ဒိုက…

11.10.2024-yyl-6.png

ကမ္ဘာ့ပထမဆုံး အသံထက်မြန်တဲ့လေယာဉ်ကို စမ်းသပ်ပျံသန်းတော့မယ်

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကနေ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ကို ၁ နာရီတည်းနဲ့ ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံး အသံထက်မြန်တဲ့လေယာဉ်ကို စမ်းသပ်ပျံသန်းတော့မှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ အခြေစိုက် Venus Aerospace ကုမ္ပဏီရဲ့ Stargazer လေယာဉ်ဟာ ဂျက်လေယာဉ်အင်ဂျင်နဲ့ ဒုံးပျံအင်ဂျင်ကို…

11.10.2024-yyl-5.jpg

ဂရင်းစလင်းဆုဖလား ၂၂ ကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့ စပိန်တင်းနစ်ဂန္ထဝင် နာဒယ် အနားယူပြီ

ဂရင်းစလင်းဆုဖလား ၂၂ ကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့ စပိန်တင်းနစ်ဂန္ထဝင် ကစားသမား ရာဖေးနာဒယ်ဟာ ပရော်ဖက်ရှင်နယ် တင်းနစ်သမားအဖြစ်ကနေ အနားယူသွားခဲ့ပါပြီ။ တင်းနစ်သမိုင်းတစ်လျှောက် မြေစေးကွင်းနိုင်ပွဲ အများဆုံးရရှိနိုင်ခဲ့တာကြောင့် မြေစေးကွင်းဘုရင်လို့ တင်စားခံခဲ့ရတဲ့ နာဒယ်ဟာ အနားယူချိန်မှာ အသက် ၃၈ နှစ်အရွယ်…

11.10.2024-yyl-4.jpg

“Face Me” ဇာတ်လမ်းတွဲအသစ်မှာ ပလက်စတစ်ခွဲစိတ်ဆရာဝန်အဖြစ် ပါဝင်မယ့် ဂင်ချားနားမင်းသား

KBS2 ရုပ်သံလိုင်းရဲ့ ဇာတ်လမ်းတွဲအသစ် Face Me မှာ မြန်မာပရိသတ်တွေ ဂင်ချားနားလို့ သိကြတဲ့ မင်းသားလီရီဂယောင်းဟာ ပလပ်စတစ်ခွဲစိတ်ဆရာဝန်အဖြစ် ပါဝင်သွားမှာဖြစ်ပါတယ်။ Face Me ဇာတ်လမ်းတွဲက သွေးအေးတဲ့ပလပ်စတစ်ခွဲစိတ်ဆရာဝန် ချာဂျွန်ဝူး (မင်းသားလီမင်ကီ) နဲ့ ရာဇဝတ်မှုစုံထောက်…

11.10.2024-yyl-2.jpg

ဆယ်စုနှစ်တစ်ခုနီးပါးအတူရှိပြီး လက်ထပ်ပြီးမှ မူကြိုအတူတူတက်ခဲ့ဖူးတယ်ဆိုတာ သိခဲ့ရတဲ့ စုံတွဲ

နာတာလီ ဒါလာရီ နဲ့ ကိုလင်းတို့ဇနီးမောင်နှံဟာ ၂၀၂၀ ခုနှစ်ကတည်းက လက်ထပ်ခဲ့တာပါ။ သူတို့အတူတူရှိခဲ့ကြတာကတော့ ဆယ်စုနှစ် ၁ စုနီးပါးရှိပါပြီ။ သူတို့နှစ်ယောက်လုံးက ကယ်လီဖိုးနီးယားပြည်နယ်၊ ဖရီစ်နိုမြို့မှာကြီးပြင်းခဲ့ကြတာပါ။ မကြာသေးခင်ကမှ ကိုလင်းရဲ့မိခင်က သူတို့နှစ်ယောက်ဆီ ထပ်ခိုးမှာ တွေ့ခဲ့တဲ့ ကိုလင်းရဲ့ပစ္စည်းတချို့ကို…

11.10.2024-yyl-1.png

၆ မိနစ်အတွင်း ခန်းမကြီးတစ်ခုလို ပြောင်းလဲနိုင်စွမ်းရှိတဲ့ အသွင်ပြောင်းထရပ်ကား

ခလုပ်တစ်ချက်နှိပ်လိုက်ရုံနဲ့ ခန်းမကြီးတစ်ခုလို အသွင်ပြောင်းသွားနိုင်တဲ့ ထရပ်ကားတွေဟာ တရုတ်နိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ဒေသတွေမှာ ရေပန်းစားနေပါတယ်။ ထရပ်ကားထဲမှာ ခေါက်သိမ်းထားတဲ့ ကြမ်းခင်းတွေကို ဖြန့်ထုတ်လိုက်တဲ့အခါ ၆ မိနစ်အတွင်း ခန်းမကြီးအဖြစ် ပြောင်းလဲသွားတဲ့ ရုပ်သံမှတ်တမ်းက တရုတ်လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့တာပါ။ တရုတ်နိုင်ငံ အတွင်းပိုင်းမွန်ဂိုလီးယားဒေသမှာ…