31.7.2024-yyl-1.jpg

တောမီးလောင်ကျွမ်းမှုမှာ ချန်ထားရစ်ခဲ့ရတဲ့ ခွေးမိသားစုကို ရဟတ်ယာဉ်ဖြင့် သွားရောက်ကယ်တင်

ကနေဒါနိုင်ငံမှာ တောမီးလောင်ချိန် ချန်ထားရစ်ခဲ့ရတဲ့ ခွေးမိသားစုကို ရဟတ်ယာဉ်တပ်ဖွဲ့ စေလွှတ်ပြီး ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ညနေပိုင်းက အွန်တာရီယိုပြည်နယ် ကမ်းဘဲလ်ဗီးလ်အရပ်မှာ တောမီးလောင်ကျွမ်းခဲ့ပြီး ဒေသခံတွေလည်း ဘေးကင်းရာ တိမ်းရှောင်ထွက်ပြေးခဲ့ရပါတယ်။ မိသားစုတစ်စုကတော့ ထရပ်ကားနဲ့ထွက်ပြေးချိန်မှာ ကားပျက်သွားလို့ ကသောင်းကနင်းဖြစ်ခဲ့ပြီး မတတ်သာတဲ့အဆုံးမှာ သူတို့ရဲ့ခွေးမိသားစုကို…

30.7.2024-yyl-5.png

ဇနီးသည်ရဲ့ချစ်သူကို အိမ်ခေါ်လာခွင့်ပေးပြီး တစ်အိမ်တည်း အတူနေခွင့်ပေးတဲ့ ဂျပန်အမျိုးသား

၃ နှစ်ကြာ ပေါင်းသင်းလာတဲ့ ဇနီးသည်က ချစ်သူအသစ်ထားပြီး အိမ်ခေါ်လာတာကို ခွင့်ပြုပေးခဲ့တဲ့ ဂျပန်အမျိုးသားအကြောင်း အွန်လိုင်းမှာ လူပြောများနေပါတယ်။ Prince Soy လို့ အမည်ရတဲ့ ဂျပန်စားဖိုမှူးဟာ ပဲအနှစ် ထုတ်လုပ်ပြီး အွန်လိုင်းမှာ ရောင်းချနေသူပါ။ ပြီးခဲ့တဲ့…

30.7.2024-yyl-2.jpg

အလှူငွေတောင်းခံဖို့ တရုတ်မင်းသမီးကျောက်လုစီရဲ့ငယ်ဘဝဓာတ်ပုံကို အသုံးပြုခဲ့တဲ့ လမ်းဘေးတောင်းရမ်းစားသောက်သူ

အခုခေတ်မှာ ကျော်ကြားသူတွေရဲ့ဓာတ်ပုံတွေကို အလွဲသုံးစားလုပ်ပြီး ကြော်ငြာအတုလုပ်တာ၊ အွန်လိုင်းလိမ်ညာလှည့်ဖြားမှုတွေလုပ်တာတွေများလာပါတယ်။ တရုတ်နိုင်ငံက ထိပ်တန်းမင်းသမီးချောကျောက်လုစီဆိုရင်လည်း သူ့ရဲ့ငယ်ဘဝဓာတ်ပုံကို လမ်းဘေးတောင်းရမ်းစားသောက်သူတစ်ဦးက ငွေရဖို့အတွက် အလွှဲသုံးစားလုပ်ခဲ့တယ်ဆိုတာကို တရုတ်အင်တာနက်အသုံးပြုသူတစ်ဦးက ဗီဒီယိုနဲ့အတူ ရေးသားဖော်ပြခဲ့ပါတယ်။ အဲ့ဒီလမ်းဘေးတောင်းရမ်းစားသောက်သူက သွေးကင်ဆာရောဂါခံစားနေရတဲ့သမီးလေးရဲ့ဖခင်အဖြစ် ဟန်ဆောင်ပြီး မြေပြင်ပေါ်မှာ ဒူးထောက်နေပါတယ်။ သူ့ဘေးမှာ…

30.7.2024-yyl-1.jpg

ခွေးအကောင်ရေ ၂၈ ကောင်က သေဆုံးနေတဲ့သခင်ဖြစ်သူရဲ့ခြေထောက်ကို စားသောက်ပြီး အသက်ရှင်ဖို့လုပ်ခဲ့ကြတဲ့ဖြစ်ရပ်

ဘန်ကောက်အိမ်တစ်အိမ်အတွင်းမှာ ခွေးအကောင်ရေ ၂၈ ကောင်ဟာ သူတို့သခင်သေဆုံးပြီးနောက် စားစရာမရှိလို့ သခင်ရဲ့ခြေထောက်ကို စားသောက်ပြီး ရက်တော်တော်ကြာ အသက်ရှင်နေထိုင်ခဲ့ကြတယ်လို့ သိရပါတယ်။ ခွေးတွေက အိမ်အတွင်းပိတ်မိနေတဲ့အတွက် သေဆုံးသွားတဲ့ သူ့သခင်ကို စားစရာအဖြစ် စားသောက်ခဲ့ကြတာဖြစ်တယ်လို့ ထိုင်းရဲတွေက ပြောကြောင်း The…

29.7.2024-yyl-1.png

အမျိုးသမီးတွေသီးသန့်ဖွဲ့စည်းထားတဲ့ စုံထောက်တပ်ဖွဲ့

ပီရူးနိုင်ငံမှာ အမျိုးသမီးတွေသီးသန့် စုဖွဲ့ထားတဲ့ စုံထောက်အဖွဲ့တစ်ဖွဲ့ ရှိပါတယ်။ ဖီးနစ်တပ်ဖွဲ့(Phoenix Squad)လို့ အမည်ပေးထားတဲ့ သူတို့အဖွဲ့ဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း အမှုပေါင်း ၁၀၀၀၀ ကျော်ကို ကိုင်တွယ်ဖြေရှင်းပေးခဲ့ပြီး အဓိက ကိုင်တွယ်တာကတော့ အိမ်ထောင်ရေးဖောက်ပြန်မှုတွေနဲ့ ကလေးအုပ်ထိန်းခွင့်နဲ့ဆိုင်တဲ့ကိစ္စရပ်တွေအတွက် သက်သေအထောက်အထား ရှာဖွေပေးတာပါပဲ။…

29.7.2024-yyl-2.jpg

အကြွေးပုံနေတဲ့ အိန္ဒိယအလုပ်သမားတစ်ဦး ဒေါ်လာ ၁၀၀၀၀၀ နီးပါးတန်စိန်ကို တွေ့ရှိပြီး သူ့ဘဝပြောင်းလဲသွားခဲ့

အိန္ဒိယနိုင်ငံအလယ်ပိုင်းက အကြွေးဆပ်နေရတဲ့ အလုပ်သမားတစ်ဦးဟာ ဒေါ်လာ ၁၀၀၀၀၀ နီးပါးတန်ကြေးရှိ ၁၉.၂၂ ကာရက်ရှိတဲ့ စိန်တစ်လုံးကို တူးဖော်တွေ့ရှိပြီးနောက် သူတို့မိသားစုရဲ့ဘဝက မထင်မှတ်ထားလောက်အောင် ပြောင်းလဲသွားခဲ့ပါတယ်။ ရာဂျူ ဂွန်ဆိုတဲ့ အဲ့ဒီအလုပ်သမားက သူ့ရဲ့ဇာတိ Madhya Pradesh ပြည်နယ်မှာ…

29.7.2024-yyl-1.jpg

Iron Man ဇာတ်ကောင်အဖြစ်မဟုတ်ဘဲ ဗီလိန်ဇာတ်ကောင်အဖြစ် ဒေါက်တာဒွန်းအဖြစ် သရုပ်ဆောင်မယ့် ရောဘတ် ဒေါင်းနီ ဂျူနီယာ

MCU မှာဆိုရင် မင်းသားကြီး ရောဘတ် ဒေါင်းနီ ဂျူနီယာကို Iron Man အဖြစ် လူတိုင်းသိကြပါတယ်။ Avengers:Endgame မှာ Iron Man ဇာတ်ကောင်သေဆုံးခဲ့ရပြီးတဲ့နောက်မှာ အခု သူဟာ “Avengers” ဇာတ်ကားတွေဖြစ်တဲ့ “Doomsday”…

28.7.2024-yyl-1.png

ကွန်ဖူးပညာသုံးပြီး သူ့ကျောကို တစ်ချက်ရိုက်ခဲ့တယ်ဆိုတဲ့ လုပ်ဖော်ကိုင်ဖက်ထံကနေ နစ်နာကြေး ယွမ် ၄၀၀၀၀ တောင်းဆိုထားသူ

ကွန်ဖူးပညာသုံးပြီး သူ့ကျောကုန်းကို တစ်ချက်ရိုက်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးထံကနေ နစ်နာကြေး ယွမ် ၄၀၀၀၀ ရရှိလိုတယ်လို့ တရုတ်အမျိုးသမီးတစ်ဦးက တောင်းဆိုထားပါတယ်။ ကျန်းလို့ အမည်ရတဲ့ အမျိုးသမီးဟာ တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်၊ ဟန်ကျိုးမြို့မှာ နေထိုင်သူဖြစ်ပြီး ဘူတာရုံမှာ လုံခြုံရေးအစောင့်အကြပ်အဖြစ် အလုပ်လုပ်သူပါ။…

27.7.2024-yyl-1.png

၃ ယောက်ပေါင်း အသက် ၂၂၇ နှစ်ရှိတဲ့ အဘိုးအို ၃ ဦးပေါင်းပြီး ဖောက်ထွင်းမှုတွေ ကျူးလွန်ခဲ့တယ်လို့ ဆို

အနည်းဆုံး နေအိမ် ၂ လုံး ဖောက်ထွင်းမှုနဲ့ အခြားဖောက်ထွင်းမှု ၁၀ ခုအတွက် သံသယရှိရတဲ့ အသက် ၆၀၊ ၇၀၊ ၈၀ ဝန်းကျင် အဘိုးအို ၃ ဦးကို ဂျပန်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ အသက်…

26.7.2024-yyl-3.jpg

အမှိုက်ပုံးထဲက ပြန်ကောက်ထားတဲ့ ထီလက်မှတ်ကနေ ဒေါ်လာ ၂ သိန်းဆု ပေါက်

အမေရိကန်နိုင်ငံမှ လင်မယားနှစ်ယောက်ကတော့ အမှိုက်ပုံးထဲက ပြန်ကောက်ထားတဲ့ ထီလက်မှတ်ကနေ ဒေါ်လာ ၂ သိန်းဆု ဆွတ်ခူးခဲ့တာကြောင့် သူတို့ရဲ့စိတ်ကူးယဉ် အိမ်ကလေးတစ်လုံး ဝယ်ယူဖို့ စီစဉ်နေကြပါပြီ။ တောင်ပိုင်းကာရိုလိုင်းနားပြည်နယ်မှာ နေထိုင်တဲ့ လင်မယားဟာ Circle K စတိုးဆိုင်ကနေ ၅…