ရုရှားမော်ဒယ်နဲ့ တွဲနေတဲ့ မင်းသားကြီး ဂျွန်နီဒက်ပ်

16.7.2024-yyl-6.jpg

ဂျက်စပဲရိုးဇာတ်ကောင်အဖြစ် လူသိများတဲ့ အသက် ၆၁ နှစ်အရွယ်မင်းသားကြီး ဂျွန်နီဒက်ပ်ဟာ အသက် ၂၈ နှစ်အရွယ် ရုရှားမော်ဒယ်မလေးယူလီယာ ဗလာဆိုဗာနဲ့ တွဲနေတယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၂၁ ခုနှစ်က တွေ့ဆုံခဲ့ပြီးနောက် တွဲခဲ့ကြတယ်လို့ သတင်းမီဒီယာတွေက ဆိုထားပါတယ်။

သူတို့ရဲ့ဆက်ဆံရေးက ပေါ့ပေါ့ပါးပါးဖြစ်ပြီး လွန်ခဲ့တဲ့ ၂နှစ်ကျော်ကတည်းက သူတို့တွေ အချင်းချင်းတွေ့ခဲ့ကြတာဖြစ်ကြောင်း ဂျွန်နီကအတည်ပြုထားတယ်လို့ ဖော်ပြပါတယ်။ ဂျွန်နီတို့အတွဲကို ပြီးခဲ့တဲ့အပတ်က London Heliport ကနေ အတူတူထွက်လာကြတာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ယူလီယာက ပရက်ဂ်မြို့မှာ နေထိုင်ပြီး အဲ့ဒီမှာ သူ့ရဲ့ကိုယ်ပိုင်Makeup and Hairstyling Studio ရှိပါတယ်။ သူဟာ ဂျွန်နီကို ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ 55th Karlovy Vary International Film Festival အတွင်းပထမဆုံးတွေ့ဆုံခဲ့တာပါ။ သူ့ကို ဂျွန်နီနဲ့အတူတူ ၂၀၂၂ ခုနှစ် ဇူလိုင်လက ဂီတပညာရှင် Jeff Beck ရဲ့ဖျော်ဖြေပွဲမှာ တွေ့မြင်ခဲ့ရပါတယ်။

ယူလီယာက သူတို့ရဲ့ဆက်ဆံရေးကို အတည်ပြုထားခြင်းမရှိပေမဲ့ ဂျွန်နီဟာ မယုံကြည်နိုင်လောက်အောင် အရည်အချင်းရှိပြီး ထက်မြက်တဲ့၊စိတ်အားထက်သန်တဲ့အမျိုးသားဖြစ်တယ်လို့တော့ ပြောပါတယ်။

Ref: Johnny Depp reportedly dating Russian beautician and model

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top