အိုလံပစ်ပြိုင်ပွဲအတွက် အဆင့်မီခဲ့တဲ့ အသက် (၂၂) နှစ်အရွယ်ပထမဆုံးစင်ကာပူလူမျိုးဒိုင်ဗင်သမား

yyl099026.jpg

စင်ကာပူနိုင်ငံက အသက် (၂၂) နှစ်အရွယ် ဂျိုနသန် ချန် (Jonathan Chan) ဆိုတဲ့လူငယ်လေးက 2019 Asian Diving Cup ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုကို စက်တင်ဘာ (၈) ရက်နေ့က ဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အိုလံပစ်ပြိုင်ပွဲအတွက် အဆင်မီတဲ့ပထမဆုံးသောစင်ကာပူလူမျိုးဒိုင်ဗင်သမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

ဂျိုနသန်ဆိုတဲ့လူငယ်လေးက ကွာလာလမ်ပူမှာ ကျင်းပတဲ့ အဲဒီပြိုင်ပွဲမှာ ရမှတ် (၄၀၇.၉၀) နဲ့ တရုတ်နိုင်ငံက ဝမ် ကျာဝေ (Wang Zewei) (၃၉၃.၄၅) ၊ မြောက်ကိုရီးယားက ရီ ကွမ် ဟော့ခ် (Ri Kwon Hyok) (၃၄၇.၂၅) တို့ကို ဖြတ်ကျော်အနိုင်ယူခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် အရမ်းပျော်ပါတယ်။ ရွှေတံဆိပ်ဆုတွေကို အမြဲလိုလိုရရှိခဲ့တဲ့ တရုတ်ဒိုင်ဗင်သမားတစ်ယောက် ပါဝင်ခဲ့တာကြောင့် ကျွန်တော် ဒီဆုရတာကို မယုံနိုင်ဖြစ်ရပါတယ်။ အခုထိ ကျွန်တော် အံ့သြနေတုန်းပါပဲ” လို့ ဂျိုနသန်က ပြောပါတယ်။

သူက 2017 SEA Games ပြိုင်ပွဲမှာလည်း ငွေတံဆိပ် (၂) ခုနဲ့ ကြေးတံဆိပ် (၂) ခုတို့ကို ရရှိခဲ့ဖူးပါတယ်။ အခုဆိုရင် ဂျိုနသန်က ၂၀၂၀ခုနှစ် တိုကျိုမြို့မှာ ကျင်းပပြုလုပ်မယ့် အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။

Ref: AsiaOne “Jonathan Chan is first Singaporean diver to qualify for the Olympics”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top