၂၀၂၆ ခုနှစ်ရဲ့ ဂရမ်မီဆုပေးပွဲမှာ အပေါ်ပိုင်းအဝတ်ဗလာနဲ့ ဖျော်ဖြေတင်ဆက်သွားခဲ့တဲ့ ဂျက်စတင်ဘီဘာ

gemmy2.jpg

ကမ္ဘာကျော်အဆိုတော်ဂျက်စတင်ဘီဘာဟာ ၂၀၂၆ ခုနှစ်ရဲ့ ဂရမ်မီဆုပေးပွဲမှာ သူများတွေနဲ့ မတူဘဲ တမူထူးခြားစွာ ဝတ်ဆင်ပြီးတော့ ဖျော်ဖြေတင်ဆက်သွားခဲ့ပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ဒီဆုပေးပွဲမှာ ဂျက်စတင်က စင်မြင့်ထက်မှာ အပေါ်ပိုင်းအဝတ်ဗလာနဲ့ သူ့ရဲ့ ၂၀၂၅ ခုနှစ်သီချင်း Yukon ကို ဖျော်ဖြေခဲ့တာပါ။ အပေါ်အင်္ကျီဝတ်မထားဘဲ  ငွေရောင်ဘောင်းဘီနဲ့ ခြေအိတ်အနက်ရောင်ကိုတော့ ဝတ်ဆင်ထားပါတယ်။ ဂစ်တာကိုလည်း လွယ်ပြီး ဖျော်ဖြေတင်ဆက်သွားခဲ့ပါတယ်။ သူ ဖျော်ဖြေတင်ဆက်နေတဲ့တစ်လျှောက်လုံး ဇနီးဖြစ်သူ ဟေလီ ဘီဘာကလည်း စင်အောက်ကနေ  လက်ခုပ်တီးအားပေးနေခဲ့ပါတယ်။ 


ဂျက်စတင်က ဂရမ်မီဆုပေးပွဲမှာ ဖျော်ဖြေတင်ဆက်တာဟာ ပထမဆုံးအကြိမ်မဟုတ်တော့ပါဘူး။ ၂၀၁၁ ခုနှစ်က “Baby”၊ “Never Say Never” သီချင်းတွေနဲ့ ဖျော်ဖြေခဲ့သလို ၂၀၁၆ ခုနှစ်က “Where Are U Now” သီချင်းနဲ့လည်း ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာလည်း “Peaches” သီချင်းနဲ့ ဖျော်ဖြေခဲ့ပါသေးတယ်။ 

ဂျက်စတင်က ဂရမ်မီဆုပေးပွဲတွေမှာ ဆန်ကာတင်စာရင်းတွေဝင်ခဲ့ပြီး ဂရမ်မီဆု ၂ ဆု ရရှိထားပါတယ်။ အခုနှစ်ဂရမ်မီဆုပေးပွဲမှာ သူ့ရဲ့ Swag အယ်လ်ဘမ်နဲ့ ဆန်ကာတင်စာရင်းတွေ ဝင်ခဲ့ပေမဲ့ ဂရမ်မီဆု မရခဲ့ပါဘူး။ 


Ref: Justin Bieber strips down for shirtless, shockingly bare-bones Grammys 2026 performance

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top