ကားမောင်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကီနူးရိဗ်

7.10.2024-yyl-1.jpg

John Wick မင်းသားကြီး ကီနူးရိဗ်ကတော့ Indianapolis Motor Speedway ပရော်ဖက်ရှင်နယ်ကားမောင်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အောက်တိုဘာ ၅ ရက်နေ့က Race 1 မှာ အခြားပြိုင်ကားမောင်းသမား ၃၂ ဦးနဲ့အတူ ယှဉ်ပြိုင်ခဲ့ရာ အဆင့် ၂၅ နေရာမှာရပ်တည်ခဲ့ပြီး အောက်တိုဘာ ၆ ရက်နေ့ Race 2 မှာ အဆင့် ၂၄ နေရာကို ရရှိခဲ့ပါတယ်။

အောက်တိုဘာ ၅ ရက်နေ့က Turn 9 ထွက်ပေါက်ကမြက်ခင်းပြင်ပေါ် ကားဟာ လည်ထွက်သွားခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘဲ ပြိုင်ပွဲသို့ ပြန်လည်ဝင်ရောက်နိုင်ခဲ့ပါတယ်။ ကီနူးဟာ China Mieville နဲ့ ပူးတွဲရေးသားခဲ့တဲ့ ဝတ္ထု “The Book of Elsewhere” အတွက် အရောင်းမြှင့်တင်ဖို့ No.92 BRZRKR ကားကို မောင်းနှင်ခဲ့တာပါ။

ကီနူးအတွက် ပြိုင်ကားမောင်းတာက ဒါဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ၂၀၁၉ ခုနှစ်က Toyota Grand Prix of Long Beach အတွင်း ယှဉ်ပြိုင်ခဲ့ပြီး ပထမနေရာမှာ ရပ်တည်ခဲ့ပါတယ်။

Ref: Keanu Reeves spins out during pro auto racing debut at Indianapolis Motor Speedway

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top