အခုလထဲ လက်ထပ်တော့မယ့် ကိုရီးယားမင်းသမီးချော ကင်ယွန်းဟေး

yoon.jpg

တောင်ကိုရီးယားမင်းသမီးချော ကင်ယွန်းဟေးဟာဆိုရင် လက်ထပ်တော့မှာဖြစ်ပါတယ်။ အခုလထဲမှာ လက်ထပ်ဖို့စီစဉ်နေတယ်ဆိုတာကို သူ့ရဲ့အေဂျင်စီ J,WIDE-COMPANY က အောက်တိုဘာ ၁၃ ရက်နေ့မှာ တရားဝင်ကြေညာပေးခဲ့တာပါ။ 

အေဂျင်စီရဲ့ကြေညာချက်အပြည့်အစုံကတော့ “မင်္ဂလာပါ..J,WIDE-COMPANY ကပါ။ မင်းသမီး ကင်ယွန်းဟေးနဲ့ပတ်သက်ပြီး ဝမ်းသာစရာသတင်းတစ်ခုကြေညာစရာရှိပါတယ်။ မင်းသမီးကင်ယွန်းဟေးက လက်တွဲဖော်အနေနဲ့ သူ့ဘဝတစ်လျှောက်လုံးကုန်ဆုံးဖို့စီစဉ်ထားတဲ့ အဖိုးတန်လူတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး အောက်တိုဘာ ၂၅ ရက်နေ့မှာ လက်ထပ်တော့မှာဖြစ်ပါတယ်။ သရုပ်ဆောင်ဆယ်လီမဟုတ်တဲ့ သတို့သားလောင်းနဲ့ မိသားစုနှစ်ဖက်လုံးအတွက် ထည့်စဉ်းစားတဲ့အနေနဲ့ မင်္ဂလာပွဲကို ဆိုးလ်မြို့ရှိ နေရာတစ်ခုမှာ သီးသန့်ကျင်းပသွားမှာဖြစ်ပါတယ်။ မင်္ဂလာပွဲနဲ့ပတ်သက်ပြီး အသေးစိတ်မပြောပြနိုင်တဲ့အတွက် နားလည်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ မင်းသမီးကင်ယွန်းဟေးကို မပြောင်းလဲတဲ့ချစ်ခြင်းမေတ္တာတွေ အမြဲပေးခဲ့ကြတဲ့သူတွေကို စိတ်ရင်းနဲ့ ကျေးဇူးတင်ချင်ပါတယ်။ ကင်ယွန်းဟေးကို နွေးထွေးတဲ့ကောင်းချီးပေးမှုတွေနဲ့ ပံ့ပိုးပေးကြဖို့ တောင်းဆိုပါတယ်။ ကင်ယွန်းဟေးက မင်းသမီးတစ်ယောက်အနေနဲ့  အမျိုးမျိုးသောပရောဂျက်တွေကတဆင့် ကောင်းတဲ့အရာတွေ ဆက်လက်ပြသဖို့ စီစဉ်ထားပါတယ်။ ကျေးဇူးတင်ပါတယ်”တဲ့။

မင်းသမီးကင်ယွန်းဟေးက ၂၀၀၇ ခုနှစ်မှာ သရုပ်ဆောင်ဘက်ကူးမပြောင်းခင် ၂၀၀၂ ခုနှစ်မှာ ကာဗာမော်ဒယ်အဖြစ် ပွဲဦးထွက်ခဲ့တာပါ။ သူ့ကို Heart Strings၊ Flower Boys Next Door၊ 18 Again၊ Vincenzoစတဲ့ ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေ သိကြပါတယ်။ Jeongnyeon: The Star is Born ဇာတ်လမ်းတွဲမှာ ဆိုဟေးရန်အဖြစ် ပါဝင်ခဲ့ပြီးတဲ့နောက် နာမည်ရလာခဲ့ပါတယ်။ 

Ref: Kim Yoon Hye Announces Marriage Plans

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top