မြောက်ကိုရီးယားစစ်တပ်အရာရှိဟောင်းကို နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် ခန့်အပ်

yyl-011.png

သံတမန်အတွေ့အကြုံ သိပ်မရှိတဲ့ မြောက်ကိုရီးယားစစ်တပ်အရာရှိဟောင်း ရီဆန်ဂွမ်ကို နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် ခန့်အပ်လိုက်တယ်လို့ မြောက်ကိုရီးယားနိုင်ငံက အတည်ပြုပါတယ်။ ရီဆန်ဂွမ်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်လက်ထက်မှာ ယခုနောက်ဆုံး ရာထူးတိုးမြှင့်ခံရတဲ့ စစ်တပ်အရာရှိဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့က သံရုံးတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေအတွက် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက တည်ခင်းဧည့်ခံတဲ့ နှစ်သစ်ကူးညစာစားပွဲမှာ ရီဆန်ဂွန်က နိုင်ငံခြားရေးဝန်ကြီးအဖြစ် မိန့်ခွန်းပြောခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ရီယွန်ဟိုနေရာမှာ ရီဆန်ဂွမ်နဲ့ အစားထိုးမယ်ဆိုတာကို ပြီးခဲ့တဲ့တစ်ပတ်ကတည်းက ပြုံယမ်းမြို့မှာရှိတဲ့ သံရုံးတွေကို အကြောင်းကြားခဲ့တယ်လို့ ဆိုးလ်မြို့မှာရှိတဲ့ သံတမန်ရေးရာ သတင်းရင်းမြစ်က ပြောပါတယ်။

မြောက်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံကြား နျူကလီးယားဖျက်သိမ်းရေး ဆွေးနွေးမှုတွေ ရပ်တန့်နေချိန်မှာ ရီဆန်ဂွမ်ကို အစားထိုးခန့်အပ်လိုက်တာဟာ မြောက်ကိုရီးယားနိုင်ငံကို စောင့်ကြည့်နေသူတွေအတွက် အံ့အားသင့်စရာပါပဲ။ ရီဆန်ဂွမ်ဟာ နျူကလီးယားအရေး ဒါမှမဟုတ် အမေရိကန်အရာရှိတွေနဲ့ ဆွေးနွေးညှိနှိုင်းဖူးတဲ့ သံတမန်အတွေ့အကြုံမရှိပါဘူး။ ဒါပေမဲ့ ၂၀၁၈ ခုနှစ်က ကိုရီးယားနှစ်နိုင်ငံကြား ထိပ်တန်းအဆင့် ဆွေးနွေးမှုမှာ ကိုရီးယားနိုင်ငံ ငြိမ်းချမ်းစွာ ပြန်လည်ပြောင်းစည်းရေးကော်မတီဥက္ကဋ္ဌအဖြစ် ဦးဆောင်ခဲ့သူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top