Category: Article

Catcalling သို့မဟုတ် လူတစ်ယောက်ရဲ့စာရိတ္တပေတံတစ်ခု

တစ်ကယ်ဆို ဒါဟာ လူတွေရဲ့ပါးစပ်ဖျားမှာ အပြောများနေတဲ့ ခေါင်းစဉ်တစ်ခုပါပဲ။ လူတွေ သိပ်မသိကြလို့ အရမ်းကြီးလိုက်ပြီး ပညာပေးရတဲ့ ခေါင်းစဉ်တစ်ခုမဟုတ်သလို လူ၁၀ယောက်မှာ ၇ယောက်က ဖတ်ပြီးရင် လျစ်လျူရှုလိုက်တဲ့အကြောင်းအရာတစ်ခုလည်း ဖြစ်ပါတယ်။

Category: Knowledge

အရည်အချင်းဆိုတာ အသုံးချနိင်မှသာ ပေါ်လွင်တာပါ

တစ်နေ့မှာ ကုလားအုတ်သားအမိနှစ်ယောက် စကားစမြည်ပြောနေကြပါတယ်။ ကုလားအုတ်ငယ်လေးက အမေဖြစ်သူ ကုလားအုတ်မကြီးကို " မေမေ ကျွန်တော်တို့ ကျောကုန်းမှာ ဘာလို့ ဘုကြီးပါနေရတာလဲလို့ မေးပါတယ်။

Category: Knowledge

အိုင်းစတိုင်းရဲ့ ခရီးသွားမှတ်တမ်းထဲက ထူးဆန်းတဲ့ မှတ်ချက်

အိုင်းစတိုင်းဟာ ထင်ရှားတဲ့ ရူပသိပ္ပံပညာရှင်တစ်ယောက်ဖြစ်သလို လူကိုအဓိကထားတဲ့ လူလူချင်းစာနာမှုဝါဒီသမား အဖြစ်လည်း နာမည်ကြီးပါတယ်။

အိုင်းစတိုင်းဟာ ၁၉၂၀ ပြည့်လွန်နှစ်ကာလတွေမှာ အာရှတစ်ဝှမ်းကို ခရီးလှည့် ခြေဆန့်ခဲ့ဖူးပြီး အာရှတစ်ခွင် ခရီးသွားမှတ်တမ်းတွေကို သူ့ကိုယ်ပိုင်ဒိုင်ယာရီလေးနဲ့ ရေးသွားခဲ့ဖူးတာ ရှိတယ်။ ဒါကိုပဲ အိုင်းစတိုင်းရဲ့ ခရီးသွားမှတ်တမ်းအနေနဲ့ ပရင့်စ်တန် (Princeton) တက္ကသိုလ်ပုံနှိပ်တိုက် ကနေ ထုတ်ဝေခဲ့ပါတယ်။

အိုင်းစတိုင်းရဲ့ ခရီးသွားမှတ်တမ်းထဲမှာ "ဒီမယ်...တရုတ်တွေက အစားစားရင် ကြုံရာခုံတန်းလျားတွေတောင် ထိုင်မစားဘူး။ တခမ်းတနားနဲ့ သိပ်ကိန်းကြီးခန်းကြီးနိုင်တာ။ အစားစားရင်သာ အဲ့သလို။ အခင်းကြီးအခင်းငယ်ကိစ္စရှင်းတော့ အများသူငှာလိုပဲ ဖင်ဆောင့်ကြောင့်ထိုင်ရတာပဲမဟုတ်လား။ ကလေးတွေကအစ မြင်ရတာ စိတ်ဓာတ်ကျနေသလို၊ စိတ်အားငယ်နေကြသလိုပဲ။ ခပ်တုံးတုံး အအပုံတွေ ပေါက်နေတယ်။ တရုတ်တွေက ကလေးမွေးလွန်းလို့ တစ်ကမ္ဘာလုံးမှာသာ တရုတ်တွေဖြစ်သွားရင် ခက်ရချည်ရဲ့" လို့ ရေးခဲ့တာပါ။

တစ်ကိုယ်ရည်စိတ်ထဲရှိသလို လွတ်လွတ်လပ်လပ် ဘွင်းဘွင်းရှင်းရှင်းပဲ ရေးထားပုံထောက်ရင်တော့ ပုံနှိပ်ထုတ်ဝေဖို့ စိတ်ကူးမရှိဘဲ ရေးဖြစ်ခဲ့ရုံသာဖြစ်နိုင်ကြောင်း ပညာရှင်တွေက ယူဆကြပြီး တရုတ်ပြည်အကြောင်း ရေးခဲ့တဲ့ အရေးအသားကိုတော့ အတော်လေး အံ့အားသင့်မိကြောင်း ဆိုကြပါတယ်။

အိုင်းစတိုင်းက သူ့ရဲ့ဒိုင်ယာရီထဲမှာ ဂျပန်တွေကိုလည်း ဆော်ခဲ့တာပါပဲ။ "ဂျပန်တွေဟာ အနုပညာအရည်အသွေး နဲ့ ရသခံစားမှုပိုင်း ပြောင်မြောက်လျက်နဲ့ကို ဦးနှောက်နဲ့ ဥာဏ်ရည်ဥာဏ်သွေးကျတော့ အတော်ဆုတ်ယုတ်တဲ့လူမျိုးတွေပါလား" လို့ ဒိုင်ယာရီထဲ ထည့်ရေးခဲ့ပါတယ်။ "အိန္ဒိယ၊ တရုတ် နဲ့ ဂျပန်လူမျိုးတွေဟာ တကယ့်နလပိန်းတုံးတွေပဲ" လို့ ရေးသားထားတာ ထပ်ပြီးတွေ့ရပါတယ်။

တရုတ်ပြည်ရဲ့လူမှုကွန်ရက်မှာတော့ အိုင်းစတိုင်းရဲ့အမြင်ဟာ ခေတ်ကာလနဲ့သာ သက်ဆိုင်နေတယ် လို့ ဆိုကြသလို ဒီခရီးသွားမှတ်တမ်းကို ထုတ်ဝေခဲ့ဖို့ မသင့်ဘူးလို့ ဖော်ပြနေကြတယ်။ တချို့ကတော့ လူမျိုးရေးမုန်းတီးမှုဆိုတာ ခေတ်နဲ့မသက်ဆိုင်ဘူး လို့ ဆိုပါတယ်။

DW-TV သတင်းဌာနကတော့ အိုင်းစတိုင်းရဲ့အဆိုတွေဟာ အရင်ေခတ် ဥရောပဘက်မှာ အမြစ်တွယ်နေခဲ့တဲ့ လူမျိုးရေးမုန်းတီးနှိမ့်ချမှုတွေကို ထင်ဟပ်စေခဲ့တယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

အိုင်းစတိုင်းဟာလည်း သူတွေ့ကြုံရမျှမှာ အဆိုးဘက်အမြင်တွေကို မဖုံးဖိနိုင်ခဲ့သူတစ်ယောက်သာလို့ ဆိုရမှာပါ။ အမှန်ကတော့ လူတိုင်း မြင်တတ်၊ ရှိတတ်ကြတဲ့အဆိုးမြင်မှုမျိုးပဲဖြစ်သလို အိုင်းစတိုင်းဖြစ်နေတာကြောင့်သာ လူပြောစရာဖြစ်ခဲ့ပေမဲ့ ထူးခြားအံ့ဩစရာတော့ မရှိလှပါဘူး။ အိုင်းစတိုင်းဟာလည်း လူသားတွေထဲက လူသားတစ်ဦးပဲ ဖြစ်နေတာမို့ပါပဲ။

 

Ref: news.cgtn.com "Einstein's travel diaries reveal racist views of Chinese"

AI (ရိုးရာလေး)

Category: Article

အင်္ဂလိပ်စကား ကောင်းကောင်းပြောနိုင်ဖို့ အရင်ဆုံး ဖြတ်ကျော်ရမယ့် အဆင့် (၂)ဆင့်

ဒီဘက်ခေတ်ကြီးမှာ အလုပ်အကိုင် အခွင့်အလမ်းကစလို့ အရာရာ တိုးတက်မြင့်မားနေဖို့ဆိုတာ ဘာသာစကားတွေရဲ့ အထောက်အပံ့လည်း လိုတယ်ဆိုတာ အားလုံးသိပြီးသားပါ။

Category: Knowledge

သတိပြုသင့်သော မိတ်ဆွေအတုအယောင်တို့ရဲ့ စရိုက် (၈) မျိုး

ကျွန်မတို့နေထိုင်ရာ လောကကြီးမှာ နည်းပညာတွေ မြင့်မားလာတာနဲ့အမျှ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ၊ တစ်ဦး အပေါ် တစ်ဦး မယုံကြည်ရမှုတွေလည်း ပိုမိုကြီးထွားလာပါတယ်။ “လူအကြောင်းပေါင်းကြည့်မှ သိ” ဆိုပေမဲ့

Category: Knowledge

စာအပါအဝင် တစ်စုံတစ်ခုကိုမှတ်မိချင်တဲ့အခါ အသံမြှင့်ပြီး ဖတ်သင့်၊ ပြောသင့်ကြောင်း လေ့လာတွေ့ရှိ

မိမိကိုယ်ကို အသံထွက်ပြန်ပြောတာမျိုး ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ယောက်ကို အသံနှုန်းမြင့်ပြီး ရှင်းပြတာမျိုးပြုလုပ်ပေးခြင်းက တစ်စုံတစ်ခုကိုသတိရနေဖို့ အထောက်အကူဖြစ်စေနိုင်ကြောင်း လေ့လာတွေ့ရှိချက်တွေက ဆိုလိုက်ပါတယ်။

Category: Tourism

ဘာကြောင့် အော့ဇ်ဝစ်ခ်ျကို သွားလည်သင့်တာတဲ့လဲ

“အော့ဇ်ဝစ်ခ်ျ”… နာမည်ဆိုးကြီးနဲ့ ကျော်ကြားတဲ့ နေရာပေါ့… ဒုတိယကမ္ဘာစစ်တုန်းက နာဇီတွေက ဂျူးအကျဉ်းသားတွေကို ရေရေလည်လည် လက်စွမ်းပြခဲ့ကြတဲ့ နေရာလေ… အဆိပ်ငွေ့တွေ လွှတ်တယ်၊ စမ်းသပ်တယ်၊ ခွဲစိတ်တယ်၊ လူနဲ့မတူအောင်ထားတယ်၊

Category: Article

အပတ်စဉ် စာအုပ်အညွှန်းကဏ္ဍ

မင်္ဂလာပါ။ အပတ်စဉ်တင်ဆက်ပေးနေကျ ရိုးရာလေးရဲ့ စာအုပ်အညွှန်းကဏ္ဍကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ခါလည်း စာအုပ်အကြောင်းမပြောခင် ရိုးရာလေးပရိသတ်ကြီးကို မေးခွန်းလေးတွေ အရင်မေးရမယ်ထင်ပါရဲ့…

Category: Knowledge

မမှည့်သေးတဲ့ ငှက်ပျောသီးက စားလို့ရလား

ငှက်ပျောသီးအစိမ်းကို ဗိုက်နာမှာတွေဘာတွေ မတွေးပဲ စားရဲပါသလား။ ငှက်ပျောသီးကြိုက်တဲ့သူဆိုရင်တော့ ဝယ်လာတဲ့ငှက်ပျောသီး မှည့်အောင်စောင့်ရတဲ့ ဖီးလ်ကဘယ်လောက်ဆိုးလဲဆိုတာ သိမှာပါ။

Category: Article

ပညာဆိုတာ

မင်္ဂလာပါ။ ဒီနေ့ ကျွန်တော်ဆွေးနွေးချင်တာလေး တစ်ခုရှိပါတယ်။ ဆွေးနွေးရမယ့် အကြောင်းအရာကို မပြောခင် ဆွေးနွေးဖို့ ဖြစ်လာတဲ့ အကြောင်းရင်းခံကို အရင်ပြောပါရစေ…

Category: Knowledge

သင့်ကလေးကျောင်းမသွားချင်တဲ့အခါ

ကျောင်းမသွားချင်လို့ နေမကောင်းချင်ယောင်ဆောင်တာတွေ၊ ငိုတာတွေနဲ့ သင့်ကိုတွယ်ကပ်ပြီး ဂျီကျနေပြီဆိုတာ ကျောင်းစတက်တဲ့အရွယ်မှာ ကြုံတွေ့ရတဲ့အရာတွေ ဖြစ်ပါတယ်။ ဒါဟာ သင့်ကလေးရဲ့လွတ်လပ်ချင်စိတ်ကြောင့်လဲဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကလေးရဲ့စိုးရိမ်စိတ်တွေကြောင့် ဖြစ်နိုင်တယ်ဆိုတာကိုလည်း

Category: Knowledge

ပိုက်ဆံကို မလိုအပ်ဘဲ အပိုမဖြုန်းမိအောင် ဘယ်လိုထိန်းချုပ်မလဲ

ကိုယ့်စိတ်ကြိုက် ကုန်တိုက်ကိုရောက်တဲ့အခါ ပြန်ရောထွက်တတ်ရဲ့လား။ ပြန်ထွက်ရ အရမ်းခက်နေလား။ :D အို... အကုန်ဝယ်ပစ်လိုက်ချင်တာ ဆိုတဲ့ စိတ်ဆောင်မှုနောက်ကို တကောက်ကောက်လိုက်ပြီး ဝယ်ပြီးမှ