Category: Knowledge

အမှန်တရားက သင့်ကို အံ့ဩမှုတွေ ဖြစ်စေနိုင်ပါတယ်

သာယာလှပတဲ့ နံနက်ခင်းလေးတစ်ခုမှာ ရထားတစ်စင်းဟာ ပုံမှန်အရှိန်လေးနဲ့ ပြေးလမ်းအတိုင်းပြေးနေပါတယ်။ ရထားတွဲတစ်တွဲမှာတော့ အသက်(၂၀)ဝန်းကျင်အရွယ် လူရွယ်တစ်ယောက်နဲ့ အသက် (၅၀)ကျော် အရွယ်ရှိပြီဖြစ်တဲ့ အဖေဖြစ်သူတို့

Category: Knowledge

တစ်ပတ်အတွင်းမှာ စာမေးပွဲအတွက် ထိရောက်အောင် ဘယ်လိုလေ့လာကြမလဲ

"၁၆၈" ဒါက ၁ ပတ်မှာ ရှိတဲ့ နာရီစုစုပေါင်းပါ။ ဒီ ၁၆၈ နာရီ အတွင်းမှာ အိပ်ချိန်တွေကို နှုတ်လိုက်ပြီးရင် စာမေးပွဲအတွက် စာတွေကို

Category: Knowledge

ကဲလီမူတူမီးတောင်ထိပ်ဝက အရောင်ပြောင်းနေတဲ့ရေကန်တွေ

အရောင်အစုံရှိတဲ့ရေကန်တွေကို ကျွန်မတို့တွေ မြင်ဖူးကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံ၊ Flores (ဖလော်) ကျွန်းက ကဲလီမူတူမီးတောင်မှာတော့

Category: Knowledge

ပြတ်လိုက်၊ ဆက်လိုက် အချစ်ရေးက စိတ်ကျန်းမာရေးကို ထိခိုက်စေနိင်

ဟူး ... ဒီပြတ်လိုက်၊ ဆက်လိုက် သံသရာကြီး (သို့) အလေ့အထကြီးက ခုခေတ်စုံတွဲတွေအတွက်တော့ သိပ်ထူးဆန်းတဲ့ အရာတော့ မဟုတ်တော့ပါဘူး။

ဘာပယောဂမှမပါဘဲ ရိုးရိုးတွေးမယ်ဆိုရင်တော့

Category: Tourism

အာရှမှာ ဖက်ရှင်အလန်းဇယားတွေနဲ့ ကျော်ကြားတဲ့ မြို့ကြီး ၅ မြို့

အာရှတိုက်ဟာ ကမ္ဘာ့အဆင့်မီ မြို့ကြီးများစွာ တည်ရှိရာနေရာ ဖြစ်ပါတယ်။ တိုကျိုနဲ့ ဘန်ကောက်လို မြို့ကြီးတွေကနေ ဒူဘိုင်းလိုမြို့ကြီးအဆုံး ကြည့်လိုက်မယ်ဆိုရင်

Category: Knowledge

ပျော်ဖို့ကောင်းတဲ့အပြင် လစာပါမိုက်တဲ့ အလုပ်(၁၀) မျိုး

အလုပ်လုပ်တယ်ဆိုတာကို စားဝတ်နေရေးအဆင်ပြေဖို့အတွက် လုပ်နေရတဲ့ စိတ်ပျက်ဖို့ကောင်းတဲ့အရာတစ်ခုအဖြစ် လူအများစုက ထင်တတ်ကြပေမဲ့

Category: Knowledge

ဒိုင်နိုဆောခေတ်က မြွေသန္ဓေသားရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို မြန်မာ့ပယင်းတုံးထဲမှာ ရှာဖွေတွေ့ရှိခဲ့

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့က နိုင်ငံတကာသုတေသနပညာရှင်တွေ့ရဲ့ မှတ်တမ်းများအရ မြန်မာနိုင်ငံမှာတွေ့ရှိတဲ့ ပယင်းတုံးအသားထဲကနေ မြွေကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုကို

Category: Knowledge

အိပ်ရေးပျက်တာတွေများရင် တကယ်ပဲ ဝိတ်တက်လာမှာလား

ဒီနှစ်တွေထဲ အရမ်းကြီးတွေဝိတ်တွေတက်လာပြီ။ ထိန်းမနိုင်သိမ်းမရတွေဖြစ်နေပြီ။ ဆက်တိုက်ဆိုသလို တက်နေတာမို့ ဘယ်လိုမှလျော့လို့မရတော့ဘူးဆိုရင်တော့

Category: Knowledge

မြည်းပုနဲ့ ခွေး

တစ်ခါတုန်းက အဝတ်လျှော်သမားတစ်ယောက်မှာ မြည်းပုတစ်ကောင်နဲ့ ခွေးတစ်ကောင်ရှိတယ်။ မြည်းပုလေးရော ခွေးလေးရော သူတို့ရဲ့သခင်ကို အများကြီးကူညီပေးကြတယ်။ တစ်ညမှာတော့ သူခိုးတချို့ဟာ အဝတ်လျှော်သမားရဲ့အိမ်ကို ပစ္စည်းခိုးဖို့ ဝင်သတဲ့… ခွေးလေးက သူခိုးတွေအသံကြားပြီး ဟောင်တော့တာပေါ့။ အဝတ်လျှော်သမားကြီးလည်း အိပ်ရာကထလာပြီး အိမ်နီးချင်းတွေကို အော်ဟစ်အကူအညီတောင်းတော့တယ်။ ‘ဟ..ဘာလဲ.. ခွေးရှိတယ်ကွ၊ မြန်မြန်ပြေး’ ဆိုပြီး သူခိုးတွေက ပြေးပါတော့တယ်။ အဲဒီအချိန်မှာပဲ ရွာသားတွေရောက်လာကြတယ်။ သူခိုးတွေက ပြေးဖို့ကြိုးစားပေးမဲ့ ရွာသားတွေလက်ထဲမိသွားတော့တယ်။

အဝတ်လျှော်သမားကြီးက ‘ငါ့အိမ်မှာ ဒီလိုခွေးတစ်ကောင်ရှိတာ သိပ်ဝမ်းသာတယ်။ ငါ့ခွေးသာမဟောင်ရင် သူခိုးတွေဝင်ခိုးသွားမှာ ကျိန်းသေတယ်’ လို့ဂုဏ်ယူပြီး ပြောလိုက်တယ်။ လူတိုင်းကလည်း ခွေးကို ချီးကျူးကြတယ်။

အဲဒီနေ့ကစပြီး မြည်းပုလေးတွေးလိုက်တာက ‘ခွေးက ငါ့ထက်ပိုအသုံးဝင်တယ်လို့ သခင်ကထင်နေတာပဲ’ သူလည်း ခွေးလိုပဲ အသုံးဝင်တဲ့တိရစ္ဆာန်တစ်ကောင်ဖြစ်တယ်ဆိုတာ သခင့်ကိုပြမှဖြစ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ နေ့ရက်အနည်းငယ်ကြာပြီးတဲ့နောက် တစ်ညမှာ သူခိုးနှစ်ယောက်က အဝတ်လျှော်သမားကြီးရဲ့အိမ်ကို လာပြန်တယ်။ သူခိုးတွေက အိမ်မှာရှိတဲ့တိရစ္ဆာန်တွေကို သတိထားကြတယ်။ ‘ငါဒီအိမ်မှာ အိမ်စောင့်ခွေးတစ်ကောင်ရှိတယ်လို့ ကြားတယ်.. သတိထားဦး’ လို့ သူခိုးက သူ့သူငယ်ချင်းကို သတိပေးလိုက်တယ်။

သူခိုးတွေချောင်းကြည့်လိုက်တဲ့အခါ ခွေးတစ်ကောင်က အိမ်ပေါက်ဝမှာ ထိုင်နေတာကို တွေ့လိုက်တယ်။ သူခိုးတွေလည်း ခွေးဟောင်မှာကို ကြောက်တာပေါ့။ ‘ဒီအိမ်ကနေ မခိုးတော့ရင် ကောင်းမယ်… ခုသွားတာပဲ ကောင်းလိမ့်မယ်’ လို့ ပြောပြီး သူခိုးနှစ်ယောက်လုံး ထွက်ပြေးသွားတော့တယ်။ ဒါပေမဲ့ သူခိုးတွေမသိလိုက်တာက မြည်းပုလေးဟာ ဒါတွေအားလုံးကို မြင်လိုက်တယ်ဆိုတာပဲ။ ‘ဒီအချိန်က ငါဟာ အသုံးဝင်တယ်ဆိုတာပြဖို့ အခွင့်အရေးပဲ။ သူခိုးတွေကတော့ ပြေးပြီ… ငါဟီလိုက်ရင်တော့ သူခိုးတွေကို ငါအိမ်ပြင်မောင်းထုတ်လိုက်တယ်လို့ သခင်ကထင်မှာပဲ…’ လို့ သူတွေးလိုက်တယ်။ ပြီးတော့ မြည်းပုလေးက အကျယ်ကြီး ဟီလိုက်တယ်။

အဝတ်လျှော်သမားကြီးက ညနက်သန်းခေါင်ကြီး မြည်းက ထဟီတာလည်း ကြားရော စိတ်ဆိုးတာပေါ့။ သူဟာ တုတ်ချောင်းတစ်ချောင်းနဲ့ ထွက်လာပြီး မြည်းကိုရိုက်ပါတော့တယ်။ ‘ဒီလိုအရိုက်ခံမှ နောက်တစ်ခါ ညဘက်မဟီရမှန်းသိမှာ’ လို့ ကြိမ်းမောင်းတော့တယ်။ မြည်းက ရိုက်တာကို ငြိမ်ခံနေရပြီးတော့ ဘာတွေဖြစ်ပျက်နေလဲတောင် မသိပါဘူး။အဲဒီနောက် ခွေးက မြည်းပုလေးဆီလာပြီး ‘ငါ့လိုဖြစ်အောင် လိုက်လုပ်နေမှာထက် မင်းအလုပ်ကိုပဲ ကောင်းကောင်းလုပ်သင့်တယ်’ လို့ ပြောပြလိုက်တယ်။ မြည်းပုလေးက ခွေးလေးမှန်တယ်ဆိုတာ သိသွားပြီး အသိတရားရသွားတာပေါ့။

ဒီပုံပြင်လေးကနေ ရိုးရာလေးစာဖတ်ပရိသတ်ကြီးဆီ ပေးချင်တဲ့အသိကတော့ ကိစ္စတိုင်းမှာ သူတစ်ပါးကို လိုက်အတုခိုးနေမဲ့အစား ကိုယ့်နည်းကိုယ့်ဟန်နဲ့ အောင်မြင် အသိအမှတ်ပြုခံရအောင် ကြိုးစားသင့်တယ်ဆိုတာပဲ ဖြစ်ပါတယ်။

Ref: pravsworld.com “The donkey and the dog”

Wint Wah (ရိုးရာလေး)

Category: Tourism

၂၀၁၈ ခုနှစ်ရဲ့ ယူနက်စကို ကမ္ဘာ့အမွေအနှစ်ဒေသစာရင်းဝင် နေရာသစ်များ

ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်း (UNESCO) ရဲ့ ကမ္ဘာအမွေအနှစ်ဒေသစာရင်းမှာ အလှဆုံးနေရာ၊ လူသားတွေ ခဲရာခဲဆစ် ဖန်တီးထားတဲ့ နေရာတွေနဲ့

Category: Knowledge

ဘယ်လောက်ပဲချစ်ချစ် အတူတူအသုံးမပြုသင့်တဲ့ အသုံးအဆောင်များ

အိမ်မှာ မိဘနဲ့ပဲဖြစ်ဖြစ်၊ ကျောင်းမှာ သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ် တစ်ခါတစ်လေမှာ အသုံးအဆောင်ပစ္စည်းတွေကို ဘာပြဿနာမှမရှိလောက်ပါဘူး ဆိုပြီးတော့ ဝေမျှအသုံးပြုတတ်ကြပါတယ်။ ဒါက တကယ်တော့