၁၃ နှစ်ကြာ ရှာဖွေနေရတဲ့ ကမ္ဘာ့အရှားပါးဆုံးပန်းမျိုးစိတ်ကို ရှာတွေ့ခဲ့လို့ ဝမ်းသာပိတီမျက်ရည်ကျခဲ့ရတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား
အင်ဒိုနီးရှားသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတစ်ဦးဟာ သူ ၁၃ နှစ်ကြာ ရှာဖွေနေရတဲ့ ကမ္ဘာ့အရှားပါးဆုံးပန်းမျိုးစိတ် ရီဖလက်ဆီယာကို ရှာတွေ့ခဲ့ပြီးတဲ့နောက်မှာ ဝမ်းသာပီတိမျက်ရည်ကျခဲ့ရပါတယ်။ ဒယ်ကီ အန်ဒရီကီဆိုသူက ဆူမားတြားက လေ့လာရေးအဖွဲ့နဲ့အတူ မိုးသစ်တောတွေကို နေ့ရောညပါဖြတ်သန်းပြီးနောက် အဲ့ဒီပန်းမျိုးစိတ်ကို တွေ့ရှိခဲ့တာပါ။ အဲ့ဒီခရီးစဉ်မှာ အောက်စ်ဖို့ဒ်တက္ကသိုလ်က ဇီဝဗေဒတွဲဖက်ပါမောက္ခ…

