ဓမ္မတာလာခြင်းကြောင့် နာကျင်ကိုက်ခဲတာသက်သာဖို့ စားသောက်ခြင်းနည်းလမ်းများ
ဓမ္မတာလာတဲ့အချိန်ဆို မိန်းကလေးအများစုက နာကျင်ကိုက်ခဲကြပါတယ်။ တချို့မိန်းကလေးတွေက တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို အနှောင့်အယှက်ဖြစ်စေလောက်အောင် ဓမ္မတာကြောင့် နာကျင်ကိုက်ခဲတာကို အပြင်းအထန်ခံစားကြရပါတယ်။ နာကျင်ကိုက်ခဲတာနဲ့အတူ စိတ်မကြည်တာ၊ ဒေါသထွက်တာ၊ အစာခြေပြဿနာတွေကို ရင်ဆိုင်ကြရပါတယ်။ ဓမ္မတာလာချိန်အတွင်း နာကျင်ကိုက်ခဲတာသက်သာစေဖို့အတွက် စားသောက်ခြင်းနဲ့ပတ်သက်ပြီး အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။ ရေဓာတ်ပြည့်ဝအောင်နေပါ…