ဓမ္မတာလာခြင်းကြောင့် နာကျင်ကိုက်ခဲတာသက်သာဖို့ စားသောက်ခြင်းနည်းလမ်းများ

6-9-2021-yyl11.jpg

ဓမ္မတာလာတဲ့အချိန်ဆို မိန်းကလေးအများစုက နာကျင်ကိုက်ခဲကြပါတယ်။ တချို့မိန်းကလေးတွေက တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို အနှောင့်အယှက်ဖြစ်စေလောက်အောင် ဓမ္မတာကြောင့် နာကျင်ကိုက်ခဲတာကို အပြင်းအထန်ခံစားကြရပါတယ်။ နာကျင်ကိုက်ခဲတာနဲ့အတူ စိတ်မကြည်တာ၊ ဒေါသထွက်တာ၊ အစာခြေပြဿနာတွေကို ရင်ဆိုင်ကြရပါတယ်။ ဓမ္မတာလာချိန်အတွင်း နာကျင်ကိုက်ခဲတာသက်သာစေဖို့အတွက် စားသောက်ခြင်းနဲ့ပတ်သက်ပြီး အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

ရေဓာတ်ပြည့်ဝအောင်နေပါ

ရေများများသောက်ပေးပါ။ ရေဓာတ်မပြည့်ဝရင်လည်း ဓမ္မတာလာချိန်အတွင်း နာကျင်ကိုက်ခဲတာကိုခံစားရနိုင်ပါတယ်။ ရေဓာတ်ကုန်ခန်းမယ်ဆိုရင် ခေါင်းကိုက်တာ၊ ဗိုက်မအီမသာဖြစ်တာတွေဖြစ်လာနိုင်ပါတယ်။ ရေများများသောက်မယ်ဆိုရင် ရေဓာတ်ကုန်ခန်းခြင်းလက္ခဏာရပ်တွေနဲ့ ဓမ္မတာကြောင့် ဗိုက်အောင့်တာကိုလည်း သက်သာသွားစေနိုင်ပါတယ်။ ရေဓာတ်ပြည့်ဝချင်ရင်တော့ ရေများများသောက်တာအပြင် ရေဓာတ်ပြည့်ဝတဲ့ သစ်သီးတွေကိုလည်းစားသုံးပေးနိုင်ပါတယ်။

သံဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေ စားသုံးပေးပါ

လတိုင်း ဓမ္မတာလာတာကြောင့် သွေးဆုံးရှုံးနေရင်ခန္ဓာကိုယ်က သံဓာတ်ဆုံးရှုံးနိုင်ပြီး နာကျင်ကိုက်ခဲကာ ခြေကုန်လက်ပန်းကျသလို ခံစားရနိုင်ပါတယ်။ ကိုက်လန်၊ ဟင်းနုနွယ်ရွက်လို အရွက်များတဲ့ အစိမ်းရောင်အရွက်စားသုံးပေးတာက သံဓာတ်ပမာဏကို မြှင့်တင်ပေးနိုင်ပါတယ်။ အထူးသဖြင့် ဓမ္မတာသွေးဆင်းတာ များတဲ့သူတွေဆို ပိုပြီးစားပေးသင့်ပါတယ်။

နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်တဲ့ ရေနွေးကြမ်းတွေ သောက်သုံးပေးပါ

ဂျင်း (ချင်း) ရေနွေးကြမ်း၊ သံပုရာရေနွေးကြမ်း၊ နနွင်းရေနွေးကြမ်း၊ ပူစီနံရွက်ရေနွေးကြမ်းတွေက ဓမ္မတာလာချိန်အတွင်း ကြွက်သားနာကျင်ကိုက်ခဲတာ၊ ဝမ်းဗိုက်နာကျင်ကိုက်ခဲတာတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။ ဒီရေနွေးကြမ်းတွေက ကျန်းမာရေးနဲ့ညီညွှတ်ပြီး ကိုက်ခဲနာကျင်တာကို လျော့ချပေးနိုင်ပါတယ်။ သင့်စိတ်တည်ငြိမ်အောင်လည်း အထောက်အပံ့ပေးနိုင်ပါတယ်။

သကြား၊ အယ်ကိုဟောနဲ့ အဆီများတဲ့ အသင့်စားအစားအစာတွေကို ရှောင်ပါ

သကြား၊ အယ်ကိုဟော၊ အဆီများတဲ့ အသင့်စားအစားအစာတွေက ဓမ္မတာလာချိန်အတွင်း ဖြစ်တတ်တဲ့ စိတ်မကြည်တာတွေကို ပိုဆိုးရွားလာစေနိုင်ပါတယ်။ အဲဒီအစားအစာတွေက ကောင်းတဲ့ gut bacteria တွေကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဓမ္မတာလာချိန်အတွင်း သကြား၊ အယ်ကိုဟောနဲ့ အဆီများတဲ့ အသင့်စားအစားအစာတွေကို စားသုံးတာကနေ ရှောင်သင့်ပါတယ်။

Ref: Easy eating tips for painless periods

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top