နျူကလီးယားလက်နက်သုံးပြီး ဟာရီကိန်းမုန်တိုင်းတွေကို ဖျက်ဆီးမှုက အန္တရာယ်များစေနိုင်
နျူကလီးယားလက်နက်သုံးပြီး ဟာရီကိန်းမုန်တိုင်းတွေကို ဖျက်ဆီးမယ့် အကြံအစည်က ကောင်းမွန်တဲ့အကြံ မဟုတ်ဘူးလို့ အမေရိကန်သိပ္ပံအေဂျင်စီက ပြောပါတယ်။ အမေရိကန်နိုင်ငံရဲ့ အရှေ့ဘက်ကမ်းရိုးတန်းကို ဟာရီကိန်းမုန်တိုင်းတွေ ဝင်ရောက်တိုက်ခတ်လေ့ရှိပြီး မကြာခဏဆိုသလို ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးမှုတွေ ကြုံရလေ့ရှိပါတယ်။ အဲဒါကြောင့် ဟာရီကိန်းမုန်တိုင်းတွေရဲ့ ဘေးရန်နဲ့ပတ်သက်ပြီး နည်းလမ်းသစ်ရှာရမယ်လို့…