နျူကလီးယားလက်နက်သုံးပြီး ဟာရီကိန်းမုန်တိုင်းတွေကို ဖျက်ဆီးမှုက အန္တရာယ်များစေနိုင်

intl05.jpg

နျူကလီးယားလက်နက်သုံးပြီး ဟာရီကိန်းမုန်တိုင်းတွေကို ဖျက်ဆီးမယ့် အကြံအစည်က ကောင်းမွန်တဲ့အကြံ မဟုတ်ဘူးလို့ အမေရိကန်သိပ္ပံအေဂျင်စီက ပြောပါတယ်။ အမေရိကန်နိုင်ငံရဲ့ အရှေ့ဘက်ကမ်းရိုးတန်းကို ဟာရီကိန်းမုန်တိုင်းတွေ ဝင်ရောက်တိုက်ခတ်လေ့ရှိပြီး မကြာခဏဆိုသလို ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးမှုတွေ ကြုံရလေ့ရှိပါတယ်။

အဲဒါကြောင့် ဟာရီကိန်းမုန်တိုင်းတွေရဲ့ ဘေးရန်နဲ့ပတ်သက်ပြီး နည်းလမ်းသစ်ရှာရမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောခဲ့ပါတယ်။ ကုန်းတွင်းပိုင်းကို ဟာရီကိန်းမုန်တိုင်းတွေ မဝင်ရောက်ခင် မုန်တိုင်းဗဟိုချက်ကို ဗုံးကြဲလို့ ရနိုင်၊ မရနိုင်ဆိုတဲ့အချက်ကို ဒေါ်နယ်ထရမ့်က မေးမြန်းခဲ့တယ်လို့ Axios ဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။ ဒါပေမဲ့ ဟာရီကိန်းမုန်တိုင်းတွေကို နျူကလီးယားလက်နက်သုံးပြီး ဖျက်ဆီးဖို့ အကြံပေးခဲ့ခြင်းမရှိဘူးလို့ ဒေါ်နယ်ထရမ့်က တုံ့ပြန်ခဲ့ပါတယ်။

နျူကလီးယားလက်နက်တွေသုံးပြီး ဟာရီကိန်းမုန်တိုင်းတွေကို တားဆီးမယ်ဆိုရင် မုန်တိုင်းကို ပြောင်းလဲစေရုံသာမကဘဲ ကုန်သည်လေ(TradeWind)တိုက်ခတ်မှုကြောင့် ကုန်းတွင်းပိုင်းကို
ရေဒီယိုသတ္တိကြွမှုတွေ ပျံ့နှံ့လာနိုင်တယ်လို့ သမုဒ္ဒရာနဲ့ လေထုပိုင်းဆိုင်ရာ အမျိုးသားအာဏာပိုင်အဖွဲ့(NOAA)က ပြောပါတယ်။ ဟာရီကိန်းမုန်တိုင်းတွေကို နျူကလီးယားလက်နက်သုံးပြီး ဖျက်ဆီးမယ်ဆိုရင် ထွက်ပေါ်လာမယ့် အပူချိန်ဟာ မိနစ် ၂၀ တိုင်း ၁၀ မဂ္ဂါတန်ရှိတဲ့ နျူကလီးယားဗုံးတစ်လုံး ပေါက်ကွဲမှုနဲ့ ညီမျှလိမ့်မယ်လို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top