ချန်ပီယံရှစ်မှာ ထိပ်ဆုံးနေရာ ဦးဆောင်နေကြပေမဲ့ လိဒ်နဲ့ ဝက်စ်ဘရွန်းအသင်း ပရီးမီးယားလိဂ် တန်းတက်ခွင့်ရဖို့ ရတက်မအေး ဖြစ်နေရ
ချန်ပီယံရှစ်ပြိုင်ပွဲကို ရာသီပြီးဆုံးအောင် မကျင်းပနိုင်ရင် လိဒ်ယူနိုက်တက်နဲ့ ဝက်စ်ဘရွန်းအသင်းတွေအနေနဲ့ ပရီးမီးယားလိဂ် တန်းတက်ခွင့် ငြင်းဆန်ခံရဖွယ်ရှိတယ်လို့ Telegraph သတင်းဌာနက ဖော်ပြပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ဘောလုံးပွဲတွေ မဆိုင်းငံံ့ခင်အချိန်အထိ ချန်ပီယံရှစ်အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ဦးဆောင်နေတဲ့ လိဒ်ယူနိုက်တက်နဲ့ ဒုတိယနေရာမှာ…