ပိုပြင်းထန်လာတဲ့ အပူဒဏ်ကြောင့် ကန္တာရဒဏ်ခံနိုင်ရည်အရှိဆုံး ကုလားအုတ်တွေတောင် သေဆုံးနေ
ကမ္ဘာပေါ်မှာ သဲကန္တာရဒဏ် ခံနိုင်ရည်အရှိဆုံး သတ္တဝါဖြစ်တဲ့ ကုလားအုတ်တွေတောင် ပြင်းထန်လာတဲ့ အပူဒဏ်ကြောင့် သေဆုံးနေကြပြီး မကြုံစဖူးအခြေအနေကြုံနေရပြီလို့ ကျွမ်းကျင်သူများက သတိပေးထားပါတယ်။ ကုလားအုတ်တွေဟာ ပူပြင်းခြောက်သွေ့လွန်းတဲ့ ပတ်ဝန်းကျင်မှာ ကျင်လည်ကျက်စားနိုင်စွမ်းရှိလို့ “သဲကန္တာရ သင်္ဘောတွေ” လို့ တင်စားခံခဲ့ရတာ ရာစုနှစ်ချီကြာမြင့်နေပါပြီ။…

