ပုဒ်မ ၆၆ (ဃ) နဲ့တရားစွဲဆိုခံထားရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး အာမခံရ
လူမှုဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြုပြီး တပ်မတော်နဲ့ ကာကွယ်ရေးဦးစီးချုပ်ကို ဂုဏ်သိက္ခာကျဆင်းအောင် ပြုမူဆောင်ရွက်တယ်ဆိုတဲ့အကြောင်းနဲ့ တရားစွဲဆိုခံထားရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အင်းစိန်မြို့မရဲစခန်းက မနေ့က အာမခံပေးလိုက်ကြောင်း သိရပါတယ်။ ရန်ကုန်တိုင်းစစ်ဌာနချူပ်ကအရာရှိတစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီးလင်းထွန်းက ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးအား အင်းစိန်မြို့မရဲစခန်းမှာ အသရေဖျက်မှုနဲ့ဆိုင်တဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆…