ပုဒ်မ ၆၆ (ဃ) နဲ့တရားစွဲဆိုခံထားရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး အာမခံရ

56325175_2635823523118490_3463122075969912832_n.jpg

လူမှုဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြုပြီး တပ်မတော်နဲ့ ကာကွယ်ရေးဦးစီးချုပ်ကို ဂုဏ်သိက္ခာကျဆင်းအောင် ပြုမူဆောင်ရွက်တယ်ဆိုတဲ့အကြောင်းနဲ့ တရားစွဲဆိုခံထားရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အင်းစိန်မြို့မရဲစခန်းက မနေ့က အာမခံပေးလိုက်ကြောင်း သိရပါတယ်။

ရန်ကုန်တိုင်းစစ်ဌာနချူပ်ကအရာရှိတစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီးလင်းထွန်းက ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးအား အင်းစိန်မြို့မရဲစခန်းမှာ အသရေဖျက်မှုနဲ့ဆိုင်တဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်တိုင်ကြားခဲ့တာပါ။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးက သူတရားစွဲဆိုခံထားရတဲ့ အမှုနဲ့ပတ်သက်ပြီး “အဲဒီအချိန်ကစလို့ ကျွန်တော့်ရေးထားခဲ့သမျှ ဘယ် post ကိုမှ ပြင်ဆင် edit လုပ်ခြင်း၊ only me လုပ်ခြင်း၊ ဖျက်ပစ်ခြင်း၊ စတာတွေ တစ်ခုမှမလုပ်ပါဘူး။ ကျွန်တော်က post ရေးပြီးရင် သတ်ပုံတွေ၊ ရေးထုံးတွေ ပြန်ပြန်ပြင်တတ်လေ့ရှိပါတယ်။ ဒါပေမဲ့ ဒီ post တွေကြောင့် တရားစွဲဆိုခံရတယ် သိလိုက်ရတဲ့အချိန်ကစပြီး လုံးဝမထိ မတို့တော့ပါဘူး” လို့ သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

တရားစွဲဆိုခံရတယ် သိလိုက်ရတဲ့အချိန်ကစပြီး လုံးဝမထိ မတို့တော့ပါဘူး လို့ သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်

ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းရုပ်ရှင်တွေ ရိုက်ကူးထုတ်လုပ်တဲ့ လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံကို တည်ထောင်သူဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်က မြန်မာ့နိုင်ငံရေးမှာ ဝင်ရောက်နေရာယူထားမှုနဲ့ပတ်သက်လို့ သူရဲ့ Facebook ပေါ်မှာ ပြင်းပြင်းထန်ထန် ကန့်ကွက်နေသူဖြစ်ပါတယ်။

Ref: မင်းထင်ကိုကိုကြီး FB
Cherry (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top