ဗီယက်နမ်မှာ ကြောင်သားရောင်းဝယ်ရေးဂိုဏ်းကို စီးနင်းပြီး ကြောင် ၄၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ ကြောင်သားအရောင်းအဝယ် လုပ်နေတဲ့ ဂိုဏ်းတစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး ကြောင်ကောင်ရေ ၄၀၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ဟိုချီမင်းမြို့မှာ အိမ်မွေးတိရစ္ဆာန်တွေ ဆက်တိုက်ခိုးယူခံနေရတာကို စုံစမ်းစစ်ဆေးရာမှတစ်ဆင့် ကြောင်သားမှောင်ခိုဂိုဏ်းကို ရဲတပ်ဖွဲ့သည် စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး သံသယရှိသူ ၉…

