အခြေအနေနှင့် အချိန်အခါကို ချိန်ဆတတ်ပါမှ
ယခုအပတ်မှာတော့ ငါးရာ့ငါးဆယ်ဇာတ်တော်များထဲမှ ဒုမ္မေဓဇာတ်ကို ဖော်ပြပေးချင်ပါတယ်။
ယခုအပတ်မှာတော့ ငါးရာ့ငါးဆယ်ဇာတ်တော်များထဲမှ ဒုမ္မေဓဇာတ်ကို ဖော်ပြပေးချင်ပါတယ်။
ရှေးအခါက ချုံနွယ်ပိတ်ပေါင်းတို့ဖြင့် ဝိုင်းရံထားသော ရေအိုင်ကြီးတစ်အိုင်ရှိသည်။ ထိုအိုင်တွင် ငါးရံ့ကြီးတစ်ကောင်သည် မင်းပြုပြီး ငါးအပေါင်းခြံရံကာ နေထိုင်သည်။ ငါးရံ့ဆိုသည်မှာ မျိုးတူငါးများအား စားသောက်တတ်သော်လည်း ငါးရံ့မင်းသည် မည်သည့်ငါးကိုမှ မသတ်စားသဖြင့် ငါးများကလည်း ချစ်ခင်ကြသည်။ တစ်နှစ်တွင် မိုးခေါင်သဖြင့် အင်းအိုင်တို့ ခမ်းခြောက်ကုန်သည်။…