19-2-2022-yyl1.jpg

တရုတ်ရေတပ်သင်္ဘောက သြစတြေးလျတိုက်လေယာဉ်ကို လေဆာရောင်ခြည်နဲ့ထိုးခဲ့တယ်လို့ ဆို

တရုတ်ရေတပ်သင်္ဘောက သြစတြေးလျတိုက်လေယာဉ်တစ်စင်းကို စစ်ဘက်သုံး လေဆာရောင်ခြည်ဖြင့် ထိုးခဲ့တယ်လို့ သြစတြေးလျကာကွယ်ရေးဝန်ကြီးဌာနက စွပ်စွဲခဲ့ပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့က သြစတြေးလျနိုင်ငံမြောက်ပိုင်း အေရာဖူရာပင်လယ်ထဲမှာ တရုတ်သင်္ဘော ခုတ်မောင်းနေတုန်း လေဆာရောင်ခြည်နဲ့ ထိုးခဲ့တာလို့ ဆိုပါတယ်။ ” ဒီလိုလုပ်ရပ်မျိုးက အသက်အန္တရာယ် ဖြစ်စေနိုင်တယ်။ စစ်ဘက်ဆိုင်ရာအရ…