မြစ်ဆုံစီမံကိန်းစာချုပ်ကို နိုင်ငံသားများအား တစ်လအတွင်း ပွင့်လင်းမြင်သာစွာပြသရန်တောင်းဆို
မြစ်ဆုံစီမံကိန်းစာချုပ်ပါအချက်အလက်တွေကို ပြည်သူတွေသိရှိနိုင်အောင် ပွင့်လင်းမြင်သာစွာပြသဖို့အတွက် မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်က တောင်းဆိုလိုက်ပါတယ်။ မြစ်ဆုံစီမံကိန်းအပြီးဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်ရဲ့ တောင်းဆိုချက်ထဲမှာ “၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အခန်း (၁) နိုင်ငံတော်၏ အခြေခံမူများနှင့်စပ်လျဉ်း၍ ပုဒ်မ ၄…