imgpsh_fullsize-1024x683.jpg

အလှအပအတွက်ကော ကျန်းမာရေးအတွက်ပါ အသုံးဝင်တဲ့ မြန်မာ့သနပ်ခါး

သနပ်ခါးဆိုတာကို အထူးတလည်မိတ်ဆက်ပေးဖို့လိုမယ်တော့မထင်ပါဘူး။ မြန်မာနိုင်ငံက အမျိုးသမီးတွေနဲ့ကလေးငယ်လေးတွေမျက်နှာပြင်မှာ တွေ့ရလေ့ရှိပါတယ်။ မြန်မာအမျိုးသမီးတွေက ရှေးအစဉ်အဆက်ကာလတွေကတည်းက သနပ်ခါးကို နှစ်နှစ်ခြိုက်ခြိုက်အသုံးပြုလာခဲ့ကြတာပါ။ လူကြီးလူငယ်မရွေးလည်းလိမ်းလို့သင့်တော်ပါတယ်။ သနပ်ခါးရဲ့ အသားအရေအတွက်ကောင်းကျိုးတွေကဘာတွေများလဲ သနပ်ခါးက အသားအရေအတွက်ကောင်းတယ်ဆိုတာကို သိပ်ပြောစရာတောင်လိုမယ်မထင်ပါဘူး။ နွေရာသီလိုမျိုး ပူပြင်းတဲ့အခါ သနပ်ခါးရေကျဲလေးလူးပေးတာက အသားအေးသွားစေပါတယ်။ နေရောင်ခြည်ကြောင့်…