20-8-2020-yyl-017.jpg

ဝါရှင်တန်ဒီစီမြို့ထက် ပိုကြီးတဲ့ တောမီးကို ငြှိမ်းသတ်ရင်း ရဟတ်ယာဉ်ပျက်ကျလို့ လေယာဉ်မှူး သေဆုံး

ကယ်လီဖိုးနီးယားတောမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နေတဲ့ ရဟတ်ယာဉ်ပျက်ကျပြီး လေယာဉ်မှူး သေဆုံးခဲ့တယ်လို့ အမေရိကန်နိုင်ငံ အာဏာပိုင်တွေက ပြောပါတယ်။ ရေဖြန်းပေးနေတဲ့ ရဟတ်ယာဉ်ဟာ ကိုအာလင်ဂါမြို့နားမှာ ပျက်ကျခဲ့တာဖြစ်ပြီး ရဟတ်ယာဉ်ပေါ်မှာ လေယာဉ်မှူးတစ်ဦးပဲ လိုက်ပါခဲ့တာပါ။ ကယ်လီဖိုးနီးယားပြည်နယ်မှာ တောမီးလောင်ကျွမ်းမှု ရာနဲ့ချီ ရင်ဆိုင်နေရလို့ ပြည်နယ်အုပ်ချုပ်ရေးမှူး…