1.8.23-yyl-1.jpg

ဝါဆိုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာနေ့တစ်နေ့ဖြစ်ပြီး “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ” ဆိုစကားရှိခဲ့ပါတယ်။

အဓိပ္ပာယ်ကတော့ ဂေါတမမြတ်စွာဘုရားရှင်ဟာ ဝါဆိုလပြည့်နေ့မှာ တုသိတာနတ်ပြည်ကနေသက်ဆင်းပြီး လူ့ပြည်မှာ ပဋိသန္ဓေနေတော်မူခဲ့ခြင်း၊ ဝါဆိုလပြည့်နေ့မှာပဲ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားဟာ တောထွက်တော်မူခဲ့ခြင်း၊ ဝါဆိုလပြည့်နေ့မှာပဲ ဘုရားရှင်ဟာ မိဂဒါဝုန်တောမှာ ပဉ္စဝဂ္ဂီ (၅) ဦးကို ဓမ္မစကြာတရားဦး ဟောတော်မူခဲ့ခြင်းနဲ့ ဝါဆိုလပြည့်နေ့မှာ ဂေါတမမြတ်စွာဘုရားဟာ…