21.6.2024-yyl-2.jpg

တောင်တရုတ်ပင်လယ်ထဲ နစ်မြုပ်နေတဲ့ သင်္ဘောပျက်နှစ်စင်းပေါ်မှ ရှေးဟောင်းပစ္စည်း ၉၀၀ ကျော် တွေ့ရှိ

တောင်တရုတ်ပင်လယ်ထဲ နစ်မြုပ်နေတဲ့ သင်္ဘောပျက်နှစ်စင်းပေါ်ကနေ ရှေးဟောင်းပစ္စည်း ၉၀၀ ကျော် ရှာဖွေတွေ့ရှိခဲ့တယ်လို့ တရုတ်နိုင်ငံ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ဌာနက ထုတ်ပြန်ခဲ့ပါတယ်။ အခုတွေ့ရှိရတဲ့ ကြွေထည်ပစ္စည်းတွေ၊ အိုးတွေ၊ ကြေးထည်ပစ္စည်း၊ ရှားပါးသစ်ကနက်နဲ့ တိရစ္ဆာန်အစိတ်အပိုင်းတွေဟာ မင်မင်းဆက်လက်ထက် ကုန်သွယ်ရေကြောင်း ထွန်းကားခဲ့တာကို မီးမောင်းထိုးပြနေပါတယ်။…