79.jpg

နေ့စဉ်သုတ

တိရိစ္ဆာန်အစုအဖွဲ့မှန်သမျှအတွက် အခုအခေါ်အဝေါ်လို အစုပြနာမ်တွေရှိနေပါတယ်။ အခုဖော်ပြပေးထားတာကတော့ ဥပမာတစ်ခုအနေနဲ့ပါ။ အပြည့်အစုံကို နောက်ရက်တွေမှာ တင်ဆက်ပေးသွားဦးမှာဖြစ်ပါတယ်..။ Team (ရိုးရာလေး)

77.jpg

နေ့စဉ်သုတ

အင်ဒိုနီးရှားလူမျိုးတွေဟာ ကမ္ဘာပေါ်မှာ အရပ်ပုဆုံးလူမျိုးတွေဖြစ်ပါတယ်။ သူတို့ရဲ့ ပျှမ်းမျှအရပ်အမြင့်က (၄) ပေနဲ့ (၁၁.၇၅) လက်မ သာရှိတာပါ။ ကလေးအရွယ်မှာ အာဟာရချို့တဲ့ခဲ့တာကြောင့်အပြင် မျိုးရိုးကြောင့်လည်း အရပ်ပုရတာဖြစ်ပါတယ်။ Team (ရိုးရာလေး)

fact.jpg

နေ့စဉ်သုတ

ဖေ့စ်ဘွတ်ခ်တည်ထောင်သူ မာ့ခ် ဇူကာဘက် (Mark Zuckerberg) ဟာ အနီရောင်၊ အစိမ်းရောင်တွေကို ခွဲခြားသိမြင်နိုင်စွမ်းမရှိတဲ့သူဖြစ်ပါတယ်။ သူ ခွဲခြားသိနိုင်တဲ့ တစ်ခုတည်းသောအရောင်က အပြာရောင်ဖြစ်တာကြောင့် ဖေ့စ်ဘွတ်ဝဘ်ဆိုက်နဲ့ မိုဘိုင်းအပ် (Mobile App) တွေမှာ အပြာရောင်ကိုပဲ သုံးစွဲထားခြင်းဖြစ်ပါတယ်။…

52684519_2204593026250604_4276327790770388992_n.jpg

နေ့စဉ်သုတ

အေဗရာဟမ် လင်ကွန်းနဲ့ ချားလ်စ်ဒါဝင်တို့နှစ်ဦးစလုံးက ၁၈၀၉ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်မှာ မွေးဖွားခဲ့သူတွေဖြစ်ကြပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ မိတဆိုးဖြစ်ခဲ့ကြရတာမှာလည်း တိုက်တိုက်ဆိုင်ဆိုင် တူညီနေကြပြန်ပါတယ်။ Team (ရိုးရာလေး)

76.jpg

နေ့စဉ်သုတ

ဆံပင်ဖြူခြင်းနဲ့ ဆေးလိပ်သောက်ခြင်းက ဆက်စပ်ပတ်သက်နေတာကို သိထားပြီးပြီလား…။ အသက် (၃၀) မတိုင်ခင်အရွယ်မှာ ဆံပင်ဖြူလာခြင်းနဲ့ ဆေးလိပ်သောက်သုံးခြင်းတို့အကြား ဆက်သွယ်နေမှုကိုလေ့လာရာမှာတော့ ဆေးလိပ်မှာပါဝင်တဲ့ အဆိပ်အတောက်ပစ္စည်းတွေက မွေးညင်းပေါက်တွေကိုပျက်စီးစေပြီး ဆံပင်ကိုစောစောဖြူလာစေတဲ့အပြင် တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုပါ ထိခိုက်စေနိုင်ကြောင်းလည်း တွေ့ရှိထားပါတယ်။ Team (ရိုးရာလေး)

80.jpg

နေ့စဉ်သုတ

အမျိုးသားတွေက အမျိုးသမီးတွေနဲ့ယှဉ်ရင် ပြင်ပမှာလုပ်ရတဲ့အလုပ်တွေကို လုပ်ကိုင်ရတာပိုများပါတယ်။ ဒါကြောင့် အလုပ်ခွင်နဲ့ဆက်စပ်တဲ့မတော်တဆမှုတွေနဲ့ ကြုံရနိုင်ချေလည်း ပိုများတာဖြစ်ကြောင်း သုတေသနတွေက ဆိုထားပါတယ်။ Team (ရိုးရာလေး)

71.jpg

နေ့စဉ်သုတ

ဒါကတော့ ကိုယ်တိုင်အလွယ်တကူစမ်းသပ်ကြည့်နိုင်တာမို့ အသေးစိတ်ရှင်းမပြလိုတော့ပါဘူး။ ဒီအချက်က မှန်၏ မမှန်၏ ဆိုတာကို ပြန်လည်မျှဝေပေးခဲ့ပါဦးခင်ဗျ…။ Team (ရိုးရာလေး)

73.jpg

နေ့စဉ်သုတ

အမေရိကန်နိုင်ငံ၊ အမျိုးသားသိပ္ပံရေးရာဖောင်ဒေးရှင်းက ထောက်ပံ့ငွေ ဒေါ်လာတစ်သန်းကိုသုံးပြီး အင်ဒီယာနာတက္ကသိုလ်ရဲ့ သုတေသနဝန်ထမ်းတွေဟာ ခြောက်နှစ်တာကာလပတ်လုံး memes တွေကို လေ့လာနေခဲ့တဲ့ကိစ္စက အမှန်တကယ်ပဲ ဖြစ်ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ လူတစ်ဦးကနေ တစ်ဦးဆီ ဒီလိုစိတ်ကူးတွေ၊ သတင်းအချက်အလက်တွေ ဘယ်လိုဆင့်ပွားပျံ့နှံ့နေသလဲဆိုတာကို သိရှိလိုရင်းကြောင့်လေ့လာတာဖြစ်ကြောင်း သုတေသနပြုတဲ့အဖွဲ့က…

68.jpg

နေ့စဉ်သုတ

လူဦးရေ (၅) သန်းလောက်ပဲရှိတဲ့ ဖင်လန်နိုင်ငံမှာ ချွေးထုတ်ခန်း (၂) သန်းလောက်ရှိနေတာက အံ့သြစရာပါပဲ။ ဖင်လန်နိုင်ငံသားတွေက ရိုင်းဆန်နဲ့လုပ်တဲ့ပေါင်မုန့်နဲ့ ဗော့ဒ်ကာအပြင် ချွေးထုတ်ခန်းကိုလည်းမရျိမဖြစ်အရာတစ်ခုလို့ သတ်မှတ်ထားတာပါ။ ဒါနဲ့ပတ်သက်ပြီး ကျော်ကြားတဲ့ဖင်လန်ဆိုရိုးစကားတစ်ခုကတော့ ” ချွေးထုတ်ခန်းဆောက်ပြီးမှ အိမ်ဆောက်ပါ” ဆိုတဲ့စကား ဖြစ်ပါတယ်။…

69.jpg

နေ့စဉ်သုတ

၁၉၀၅ ခုနှစ်အတွင်းက ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမှာနေတဲ့ (၁၁) နှစ်သားလေး ဖရန့် အက်ပါဆန် (Frank Epperson) ဟာခိုက်ခိုက်တုန်အောင်အေးနေတဲ့ ညနေခင်းအချိန် ဖျော်ရည်ဖျော်သောက်ခဲ့ပါတယ်။ သူက ဆိုဒါမှုန့်နဲ့ ရေကိုရောစပ်ပြီး သစ်သားချောင်းလေးတစ်ခုကိုလည်း ခွက်ထဲမှာထည့်ထားခဲ့ပါတယ်။ ဒါပေမဲ့ ဖျော်ရည်ခွက်ကို…