20161025p_large.png

ကြာကြာဝါးမည့်သွား အရိုးကြည့်ရှောင်

တစ်ခါတလေမှာ လက်ရှိကြုံနေရတဲ့ ပြဿနာတွေကို ဖြစ်ချင်ရာဖြစ်ဆိုပြီး ထိပ်တိုက်ရင်ဆိုင်ပစ်လိုက်ချင်ပေမယ့် အဲဒီလိုလုပ်ဖို့ မလွယ်ကူတာတွေ ရှိနေတတ်ပါတယ်။ ကိုယ့်မှာ ငဲ့ကွက်စရာတွေ၊ ဒီထက်ပိုကြီးမားတဲ့ ရည်မှန်းချက်တွေရှိနေတဲ့အခါ လတ်တလော ကိစ္စတွေကို ကြိတ်မှိတ်သည်းခံရတာတွေရှိပါတယ်။ ဒီလိုအချိန်အခါမျိုးတွေအတွက်ဆိုရင် “ကြာကြာဝါးမယ့်(မည့်)သွား အရိုးကြည့်ရှောင် ” ဆိုတဲ့…

7.12.2019.jpg

ဆွမ်းဆန်ထဲ ကြွက်ချေးရော

အဖွဲ့အစည်းတစ်ခု၊ အသင်းအဖွဲ့တစ်ခုဟာ ကောင်းတယ်လို့ ယေဘုယျအားဖြင့် အများက ယူဆထားသည့်တိုင်အောင် အဲဒီအဖွဲ့တွေထဲမှာ အဖွဲ့အစည်းနာမည်ကို ဖျက်မယ့်သူတွေ ရှိနေ၊ ပါဝင်နေတတ်ပါတယ်။ အဲဒါကြောင့်မို့ အဖွဲ့အစည်းအနေနဲ့ ကောင်းမွန်တဲ့ အဖွဲ့အစည်းတစ်ရပ်ဖြစ်နေရင်တောင်၊ ဒါမှမဟုတ် အဖွဲ့အစည်းထဲက လူတော်တော်များများဟာ ကောင်းတဲ့လူတွေချည်း ဖြစ်နေရင်တောင်…

20161014large.jpg

မြန်မာစာ၊မြန်မာစကား အစီအစဉ်

ဒီတစ်ခေါက်မှာတော့ လူတော်တော်များများ သတ်ပုံမှားနေတဲ့ မြန်မာစကားလုံး တစ်လုံးအကြောင်း ပြောပြပါရစေ။ အဲဒီစကားလုံးက ” ကရုဏာ ” ပါ။ မြန်မာစာအဘိဓာန်မှာတော့ ”ကရုဏာ (နာမ်) – သနားကြင်နာခြင်း” လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ အသံထွက်အနေနဲ့တော့ “ဂယုနာ”…

14.12.2019.jpg

ချာသာချာ အသာလိုချင်

လောကမှာ အခြေခံအားဖြင့်တော့ ကိုယ်တိုင်ကြိုးစားမှသာ အဲဒီကြိုးစားအားထုတ်မှုရဲ့ အသီးအပွင့်ကိုခံစားရမှာ ဖြစ်ပါတယ်။ ဒီသဘောတရားကိုမှ သဘောမပေါက်ဘဲ ကိုယ်တိုင်ကဖြင့် တစက်ကလေးမှမကြိုးစားဘဲ ညံ့ဖျင်းနေပြီး သူတစ်ပါးရဲ့ အသိအမှတ်ပြုလေးစားမှုကိုရယူချင်နေတယ်၊ ပိုပြီးကောင်းမွန်တဲ့အကျိုးခံစားခွင့်တွေကို လိုချင်နေတယ်ဆိုရင်ဖြင့် ဒါအတော်ကို တရားလွန်နေတဲ့ကိစ္စလို့ပဲ ဆိုရမှာပါ။ “ချာသာချာ အသာလိုချင်“…