မိခင်ရဲ့စွန့်ပစ်မှုခံရပြီး အမွှေးပွအရုပ်လေးကိုပဲ အဖော်အဖြစ် ပွေ့ဖက်ခင်တွယ်နေတဲ့ မျောက်ပေါက်လေး
ဂျပန်နိုင်ငံရှိ တိရစ္ဆာန်ရုံတစ်ရုံမှာ အမွှေးပွအရုပ်လေးကို မျောက်ပေါက်လေးတစ်ကောင် ပွေ့ဖက်ခင်တွယ်နေတဲ့ဗီဒီယိုပျံ့နှံ့သွားပြီးနောက် အဲ့ဒီမျောက်ကလေးကို လူမှုကွန်ယက်မှာ လူစိတ်ဝင်စားမှုများနေပါတယ်။ Ichikawa City Zoo က Punch-kun လို့အမည်ရတဲ့မျောက်လေးဖြစ်ပြီး သူ သွားလေရာကို အဲ့ဒီအရုပ်ကလေးယူဆောင်သွားတာကြောင့် အများပြည်သူတွေရဲ့နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပါတယ်။ သူ့မိခင်က…

