3.4.24-yyl-5.jpg

တရုတ်ကားကုမ္ပဏီ Geely Auto က ကမ္ဘာ့ပထမဆုံး ဉာဏ်ရည်တုနည်းပညာသုံး မောင်းသူမဲ့ကားကို မိတ်ဆက်ပြသခဲ့ပါတယ်။ ဉာဏ်ရည်တုနည်းပညာသုံး မောင်းသူမဲ့ကားဟာ ပရော်ဖက်ရှင်နယ် ပြိုင်ကားမောင်းသူတွေလို ရေခဲပြင်မှာ drift ဆွဲနိုင်တယ်ဆိုတာ Weibo လူမှုကွန်ရက်ပေါ် တင်ထားတဲ့ စမ်းသပ်မောင်းနှင်မှု ဗီဒီယိုမှာ ပြသထားပါတယ်။

ဒါဟာ မောင်းသူမဲ့နည်းပညာ သိသိသာသာ တိုးတက်လာတာဖြစ်သလို Geely Auto ကုမ္ပဏီကလည်း ဉာဏ်ရည်တုနည်းပညာကို မောင်းသူမဲ့စနစ်မှာ ကောင်းမွန်စွာ ပေါင်းစပ်ထည့်သွင်းနိုင်ခဲ့တာပါ။ Ref: China reveals world’s first AI-powered driverless drifting car…