Mario ဗီဒီယိုဂိမ်းနောက်ကွယ်က အသံသရုပ်ဆောင် အနားယူပြီ
Nintendo ဂျပန်ဂိမ်းကုမ္ပဏီရဲ့ နာမည်ကြီးဗီဒီယိုဂိမ်းဇာတ်ကောင် Super Mario အဖြစ် သက်တမ်းအကြာကြီး အသံသရုပ်ဆောင်ခဲ့တဲ့ ချားလ် မာတီနက်က နှစ် ၃၀ နီးပါးအကြာမှာ အနားယူလိုက်ပါပြီ။ အခုဆို သူက အသံသရုပ်ဆောင်အစား Mario သံတမန်တစ်ဦးဖြစ်လာမှာဖြစ်ပြီး နိုင်ငံတကာပွဲတွေမှာ…