စိတ်အနှောင့်အယှက်ဖြစ်စရာတွေကို ဘယ်လိုတုံ့ပြန်မလဲ
လူရယ်လို့ဖြစ်လာရင်နေ့စဉ်ဘဝမှာ အကောင်းအဆိုး ဒွန်တွဲမှုတွေကို အမြဲလိုလိုရင်ဆိုင်နေရမှာပါ။ တစ်နေ့တာရဲ့ အချိန်အတိုင်းအတာအတွင်းမှာ စိတ်ချမ်းမြေ့စရာတွေ ကြုံရနိုင်သလို စိတ်အနှောင့်အယှက်ဖြစ်စရာ စိတ်ထိခိုက်စရာတွေကိုလည်း ကြုံရနိုင်ပါတယ်။ စိတ်ချမ်းမြေ့စရာကိစ္စကတော့ စိတ်ပျော်ရွှင်မှုကိုတောင် ရစေသေးလို့ ကိစ္စမရှိပေမယ့် စိတ်ထိခိုက်စရာ၊ စိတ်အနှောင့်အယှက်ဖြစ်စရာကြုံတဲ့ အခါ စိတ်မထားတတ်ရင်ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲအကျိုးဆက်တွေက အများကြီးပါ။…