ရေဘဝဲရဲ့လက်များဟာ ဦးနှောက်မှခိုင်းစေစရာမလိုပဲ ဆုံးဖြတ်ချက်များကိုပြုမူတတ်ပါတယ်
ကျွန်တော်တို့လူသားတွေဟာ ခက်ခဲတဲ့သင်္ချာပုစ္ဆာများဖြေရှင်းတာကစလို့ သာမန်အသေးအဖွဲကိစ္စတိုင်းအထိ ပြုလုပ်ဖို့အတွက် ဦးနှောက်ရဲ့ input တစ်ခုမှ ခိုင်းစေဖို့လိုပါတယ်။ ဒါပေမဲ့ ရေဘဝဲများကတော့ မဟုတ်ပါဘူး။ သူတို့ရဲ့ အသိဉာဏ်စနစ်ဟာ အနည်းငယ်ထူးဆန်းစွာ ဖွဲ့စည်းဖြစ်တည်နေပါတယ်။ ဒီလက်ရှစ်ဖက်နဲ့ သက်ရှိများဟာ ကမ္ဘာပေါ်ကအခြားသက်ရှိများနဲ့မတူဘဲ တစ်မျိုးတစ်ဖုံ မျိုးဆင့်ပြောင်းလဲမှုဖြစ်စဉ်ကနေလာကြပါတယ်။…