မိုင် ၁၅၀ ကျော် အကွာအဝေးမှာ ပျောက်ဆုံးသွားပေမဲ့ အိမ်ကို တန်းတန်းမတ်မတ် ပြန်လာနိုင်ခဲ့တဲ့ ခွေးတစ်ကောင်ကို ရွာသားတွေ ဂုဏ်ပြုကြိုဆို

2.8.2024-yyl-2.jpg

မိုင် ၁၅၀ ကျော်အကွာအဝေးမှာ ပျောက်ဆုံးသွားပေမဲ့ အိမ်ကို တန်းတန်းမတ်မတ် ပြန်ရောက်လာခဲ့တဲ့ ခွေးတစ်ကောင်ကို ရွာသားတွေက ဝမ်းပန်းတသာ ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံ ကာနာတာကာပြည်နယ် ယာမာဂါနီရွာမှာ နေထိုင်တဲ့ ကုမာဘာရဟာ မဟာရာဇာလို့ ချစ်စနိုးခေါ်တဲ့ ခွေးတစ်ကောင်ကို မွေးထားပါတယ်။

ကုမာဘာရဟာ နှစ်စဉ်နှစ်တိုင်း ဇူလိုင်၊ သြဂုတ်လတွေရောက်ရင် မဟာရက်ရှ်ထရာပြည်နယ်ကို ဘုရားဖူးသွားလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လမှာတော့ ကုမာဘာရ ဘုရားဖူးသွားချိန်မှာ မဟာရာဇာလည်း လိုက်လာခဲ့တာပါ။ မိုင် ၁၅၀ နီးပါး ကွာဝေးတဲ့ ဘုရားဖူးခရီးစဉ်မှာ ဘုရားဖူးတွေက ဗုဒ္ဓပူဇနိယသီချင်းတွေ ဆိုကြပြီး မဟာရာဇာကလည်း သီချင်းသံတွေကို အလွန်သဘောကျပါတယ်။

ဒါပေမဲ့ ခရီးစဉ်တစ်ထောက်မှာတော့ မဟာရာဇာက အဖွဲ့ကွဲသွားပြီး အခြားဘုရားဖူးတွေနဲ့ ပါသွားခဲ့တာပါ။ ” နေရာအနှံ့လိုက်ရှာသေးတယ်။ ဒါပေမဲ့ မတွေ့ဘူး။ အဲဒီတော့ လူကောင်းတွေနဲ့ တွေ့ပါစေလို့ပဲ ဆုတောင်းရတော့တာပေါ့။ ဇူလိုင်လ ၁၄ ရက်မှာတော့ ဘုရားဖူးခရီးကနေ ကျွန်တော် ပြန်ရောက်တယ်”လို့ ကုမာဘာရက ဆိုပါတယ်။

နောက်နေ့မနက်မှာတော့ မဟာရာဇာက အိမ်ရှေ့ကို ပြန်ရောက်လာပြီး အမြီးနန့်နေတာ တွေ့လိုက်ရတာကြောင့် ကုမာဘာရ အလွန်ဝမ်းသာသွားခဲ့သလို တစ်ရွာလုံးကလည်း ဒီအကြောင်း သိသွားပြီး မဟာရာဇာကို ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြပါတယ်။

Ref:Lost Dog Finds Way Home Across 150 Miles of Neighboring State, Villages Hold Feast in His Honor
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top