ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက အမေရိကန်ခရီးသည်တွေကို ဝင်ခွင့်ပေးဖွယ်မရှိ

25-6-2020-yyl-017-1.jpg

ဥရောပသမဂ္ဂရဲ့ သံအမတ်တွေက ဇူလိုင်လ ၁ ရက်မှာ ပြည်ပနယ်စပ်တွေကို ပြန်ဖွင့်ပေးဖို့ ဆွေးနွေးနေပြီး အမေရိကန်ခရီးသည်တွေကို ဝင်ခွင့်မပေးဖွယ်ရှိနေပါတယ်။ ဥရောပနိုင်ငံတချို့က ကမ္ဘာလှည့်ခရီးသည်တွေကို ပြန်လက်ခံဖို့ စိတ်အားထက်သန်နေပေမဲ့ တချို့ကလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှာကို စိုးရိမ်ပူပန်နေကြပါတယ်။ လာမယ့်သီတင်းပတ်တွေအတွင်းမှာ အဖြေတွေ့လိမ့်မယ်လို့ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ပြောခဲ့ပါတယ်။

အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အဆိုးရွားဆုံးဖြစ်ပွားနေပြီး ကူးစက်ခံရသူ ၂.၄ သန်း၊ သေဆုံးသူ ၁၂၀၀၀၀ ကျော် ရှိနေပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေကို ဝင်ရောက်ခွင့်ပေးရာမှာ ဘေးအန္တရာယ်ကင်းရှင်းတဲ့ နိုင်ငံတွေကို စာရင်းပြုစုဖို့အတွက် ဥရောပသမဂ္ဂက စည်းမျဉ်းထုတ်ပြန်မှာဖြစ်ပြီး အဲဒီစည်းမျဉ်းကို အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံက အရင်ဦးဆုံး သဘောတူညီရမှာပါ။ အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ဆိုးဆိုးရွားရွားဖြစ်ပွားနေတဲ့အတွက် အမေရိကန်နိုင်ငံသားတွေကို ဥရောပသမဂ္ဂနိုင်ငံတွေထံ လာရောက်ခွင့်ပြုဖွယ်မရှိပါဘူး။ ဒါ့အပြင် ဘရာဇီး၊ ရုရှားနဲ့ ရောဂါကူးစက်မှုမြင့်မားတဲ့ တခြားနိုင်ငံတွေကိုလည်း ဘေးအန္တရာယ်ကင်းရှင်းတဲ့နိုင်ငံများ စာရင်းကနေ ချန်လှပ်ခဲ့ဖို့ ရှိပါတယ်။ ဒါပေမဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတွေက ကျန်းမာရေးစံနှုန်းတွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိဆိုတာကို ဘယ်လိုပုံစံ ချင့်ချိန်သုံးသပ်မလဲဆိုတဲ့အပေါ် သဘောတူညီမှုမရသေးပါဘူး။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top