ဘွန်ဒီကမ်းခြေ ပစ်ခတ်မှုမှာ သေနတ်သမားတစ်ယောက်ကို နပန်းဝင်လုံးပြီး လူ့အသက်တွေကို ကာကွယ်ပေးခဲ့တဲ့ သစ်သီးဆိုင်ရှင်အတွက် လှူဒါန်းပေးတဲ့ ငွေပမာဏဟာ အမေရိကန်ဒေါ်လာ ၂.၁ သန်းကျော်အထိ ရှိလာခဲ့ပါပြီ။
ဒီဇင်ဘာလ ၁၄ ရက်က သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာရှိတဲ့ ဘွန်ဒီကမ်းခြေမှာ ဆာဂျစ်အေခရမ်နဲ့ နာဗိဒ်အေခရမ်တို့ သားအဖေနှစ်ဦးရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူ ၁၆ ဦး သေဆုံးခဲ့ပါတယ်။ ပစ်ခတ်မှု ဖြစ်ပွားနေချိန်မှာ အသက် ၄၃ နှစ်အရွယ် သစ်သီးဆိုင်ပိုင်ရှင် အယ်အာမတ်က နာဗိဒ်အေခရမ်ကို ဝင်လုံးပြီး သူ့ဆီမှ သေနတ်ကို လုယူခဲ့တာပါ။

ဒီဖြစ်ရပ်မှာ အယ်အာမတ်ဟာ ခြေထောက်ကို ၂ ချက် ပစ်ခတ်ခံခဲ့ရပြီး ဆေးရုံမှာ ကုသမှု ခံယူလျက်ရှိပါတယ်။ အယ်အာမတ်ရဲ့ ရဲစွမ်းသတ္တိကို သြစတြေးလျဝန်ကြီးချုပ် အယ်ဘာနိစ်က ချီးကျူးခဲ့ပြီး သူ့လုပ်ရပ်ကြောင့် လူပေါင်းများစွာ အသက်ချမ်းသာရာရခဲ့တာလို့ ဆိုပါတယ်။
Ref: Meet Ahmed al Ahmed, the Sydney shopkeeper who stopped Bondi Beach gunman
NZ (ရိုးရာလေး)

