Life of Pi ဇာတ်ကားရဲ့ နောက်ကွယ်မှ အဓိကကျသူတစ်ဦး

23.11.23-yyl-7.jpg

အော်စကာဆု ၄ ဆု၊ ရွှေကမ္ဘာလုံးဆု ၃ ဆု ဆွတ်ခူးခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၀၉ သန်းကျော် ရရှိခဲ့တဲ့ Life of Pi ဇာတ်ကားရဲ့ နောက်ကွယ်မှာ အဓိကကျသူတစ်ယောက်ကတော့ နည်းစနစ်အကြံပေးအဖြစ် ဆောင်ရွက်ခဲ့သူ စတီဗင်ကယ်လာဟန်ပါပဲ။

ရွက်လွှင့်ခြင်းကို ဝါသနာထုံတဲ့ ရေကြောင်းဗိသုကာ ပညာရှင် စတီဗင်ကယ်လာဟန်ဟာ ၁၉၈၁ ခုနှစ်တုန်းက အတ္တလန္တိတ်သမုဒ္ဒရာထဲမှာ အသက်ကယ်ဖောင်တစ်စီးနဲ့ ၇၆ ရက်ကြာ မျှောပါခဲ့သူပါ။ အစာရေစာ ငတ်ပြတ်ပြီး မုန်တိုင်းနဲ့ ငါးမန်းအန္တရာယ်တွေ ရင်ဆိုင်ကြုံခဲ့ရပေမဲ့ ကြံဖန်အသက်ဆက်နိုင်ခဲ့တဲ့ စတီဗင်ကယ်လာဟန်ကို တံငါသည်တွေက ကယ်တင်ခဲ့ကြတာပါ။

သမုဒ္ဒရာထဲမှာ သူ ကြုံခဲ့ရတဲ့ စွန့်စားခန်းတွေအကြောင်း ရေးထားတဲ့ Adrift: Seventy-six Days Lost at Sea (1986) စာအုပ်ကလည်း နယူးယော့ခ်တိုင်းမ်သတင်းစာရဲ့ ရောင်းအားအကောင်းဆုံးစာအုပ်စာရင်းမှာ ၃၆ ပတ်ဆက်တိုက် နံပါတ်(၁) နေရာ ရပ်တည်ခဲ့တာပါ။

Ref: Steven Callahan, Life of Pi

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top