တက္ကဆက်ပြည်နယ်ကုန်စည်ပြပွဲမှာ ထိပ်ဆုံးဆုကြီးကိုရရှိခဲ့တဲ့ အသက် ၇ နှစ်အရွယ် Pie မုန့်ဖုတ်သမားလေး

4.7.2024-yyl-6.jpg

တက္ကဆက်ပြည်နယ်နေ အသက် ၇ နှစ်အရွယ် အယ်လန် ဂါဂဲဆိုတဲ့ ကလေးလေးဟာ State Fair of Texas ပြပွဲမှာ သူ့ရဲ့အိမ်လုပ်ဘလူးဘယ်ရီPieမုန့်နဲ့ Grand Prize ဆုကြီးကို ဆွတ်ခူးခဲ့တာပါ။ သူဟာ အရွယ်ရောက်ပြီးသားမုန့်ဖုတ်သမားတွေနဲ့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ပြပွဲရဲ့အကောင်းဆုံးဆုအတွက် အရည်အချင်းပြည့်မီတဲ့ အသက်ငယ်ဆုံးသူဖြစ်လာခဲ့ပါတယ်။

အယ်လန်က မုန့်ဖုတ်ပညာကို သူ့အဘွားဆီက သင်ယူခဲ့တာဖြစ်ပြီး သူ့အဘွားက အကောင်းဆုံးအိမ်လုပ်Pieမုန့်ကို ဘယ်လိုလုပ်ရလဲဆိုတာ သင်ကြားပေးခဲ့ပါတယ်။ State Fair အကြောင်းကို အယ်လန်ရဲ့အဘွားကြားသိတော့ အယ်လန် ပါဝင်ချင်ရင် ပါဝင်ဖို့ ပြောခဲ့တာပါ။ အယ်လန်ကလည်း သဘောတူခဲ့ပါတယ်။

အရင်က အယ်လန်ဟာ သူ့အဘွားနဲ့အတူ လုပ်ခဲ့တဲ့ ဘလူးဘယ်ရီ Pie မုန့်နဲ့ Kaufman County Fair မှာ ဒေါ်လာ ၇၅၀ ရရှိခဲ့ဖူးပါတယ်။

Ref: Meet the 1st grade pie baker who won top prize at the State Fair of Texas

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top