ဝင်ငွေများသည့် ကြော်ငြာ model ခွေးကလေး

mensweardog-01.jpg

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ နေထိုင်တဲ့ အသက် ၇နှစ် ရှိပြီဖြစ်သည့် Shiba Inu အမျိုးအစား ခွေးထီးလေးဟာ တစ်လကို ပျမ်းမျှ အမေရိကန်ဒေါ်လာတစ်သောင်းခွဲ ရှာဖွေနိုင်ပြီဖြစ်ပါတယ်။

သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာ (https://www.instagram.com/mensweardog/?hl=en) မှာ ပရိသတ်ပေါင်း ၂သိန်း ၇သောင်း ကျော်နေပါပြီ။ ၂၀၁၄ခုလောက်က Yena Kim နှင့် David Fung တို့က သူတို့ရဲ့ခွေးကလေးကို အဝတ်အထည်တွေ ဝတ်ဆင်ပေးပြီး ဓာတ်ပုံရိုက်ကာ အင်တာနက်ပေါ်တင်ခဲ့ရာ လူကြိုက်အလွန်များခဲ့သည်။ Coach, ASOS, Revlon, Army အစရှိသဖြင့် နာမည်ကြီး ကုမ္ပဏီများမှ Mr Fung နှင့် Miss Kim တို့ကို ဆက်သွယ်ကာ ကုန်ပစ္စည်းများကို ကြော်ငြာပေးရန် ကမ်းလှမ်းခဲ့ကြသည်။ Mensweardog လို့ လူသိများတဲ့ ခွေးလေးရဲ့ ဝင်ငွေနှင့် အောင်မြင်ကျော်ကြားမှုတွေက အံ့ဩစရာ ကောင်းလို့နေပါတယ်။

Ref: http://www.dailymail.co.uk/

Photo: https://www.instagram.com/mensweardog/?hl=en

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top