ဒေါ်လာ ၁ သန်းတန် ထီလက်မှတ်ကို ၅လကြာ မေ့နေခဲ့သူ

16.7.2024-yyl-8.jpg

ထီထိုးလေ့ သိပ်မရှိတဲ့ တက္ကသိုလ်ပါမောက္ခချုပ်တစ်ဦးဟာ ဒေါ်လာ ၁ သန်း ထီဆုကြီးပေါက်တဲ့ ထီလက်မှတ်ကို အံ့ဆွဲထဲ သိမ်းထားရင်း ၅ လကြာ မေ့နေခဲ့ပါတယ်။ အမေရိကန်နိုင်ငံ၊ ရော့ဒ်အိုက်စလန်ပြည်နယ်မှာ နေထိုင်သူ မီယာအူလစ်ဟာ ရော်ဂျာဝီလျံတက္ကသိုလ်ရဲ့ ပါမောက္ခချုပ် ဖြစ်ပါတယ်။

သူဟာ ဖေဖော်ဝါရီလ ၂ ရက်မှာ ဖွင့်လှစ်တဲ့ အလယ်ပုံ ဆုကြေးငွေ ဒေါ်လာ ၃၃၃ သန်းတန် Mega Millions ထီဖွင့်ပွဲမှာ 11-22-42-64-69 Mega Ball 19 ထီလက်မှတ်ကို Stop & Shop စတိုးဆိုင်ကနေ ဝယ်ယူခဲ့ပါတယ်။

သူက ထီလက်မှတ်ကို အံဆွဲထဲ ထည့်ထားရင်း ၅လကြာ မေ့နေခဲ့ပါတယ်။ ထီလက်မှတ်ကို သတိရလို့ တိုက်ကြည့်ချိန်မှာ ပထမဆုံး နံပါတ် ၅ လုံး တူနေလို့ ဒေါ်လာ ၁ သန်းဆု ပိုင်ဆိုင်သွားခဲ့တာပါ။ မီယာအူလစ်ကတော့ ထီဆုကြေးငွေကို ပါမောက္ခချုပ်အဖြစ်ကနေ အနားယူရင် သုံးဖို့ သိမ်းဆည်းထားမယ်လို့ ဆိုပါတယ်။

Ref: Mega Millions ticket worth $1M forgotten in drawer for five months
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top