အရာဝတ္ထုပေါင်း ၁၂၀ ကို ရွေးထုတ်ပြနိုင်လို့ စံချိန်တင်ခဲ့တဲ့ ၄ လ သမီးလေး

20.2.24-yyl-12.jpg

ကာဗယ်ရာဟာ ၄ လအရွယ်မွေးကင်းစကလေး‌လေးဖြစ်ပေမဲ့ ဟင်းသီးဟင်းရွက်၊ တိရစ္ဆာန်တွေအပါအဝင် အရာဝတ္ထုပေါင်း ၁၂၀ ကို ရွေးထုတ်ပြနိုင်တဲ့အတွက် Noble World Records စံချိန်ချိုးခဲ့ပါတယ်။ သူ့ရဲ့မိခင် ဟယ်မားက ကာဗယ်ရာရဲ့စွမ်းရည်ကို တွေ့မြင်ပြီး ဗီဒီယိုရိုက်ကာ Noble World Records ကို ပေးပို့ခဲ့တာပါ။ Noble World Records ကလည်း ထူးခြားတဲ့စွမ်းရည်ကို စေ့စေ့စပ်စပ်အကဲဖြတ်ခဲ့ပါတယ်။

အဲ့ဒီနောက် ကာဗယ်ရာလေးရဲ့အရည်အချင်းကို အသိအမှတ်ပြုပြီး လက်မှတ်နဲ့ တံဆိပ်ပြားတွေ ပေးအပ်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၃ ရက်နေ့က ဒီစံချိန်ကို ချိုးခဲ့တာပါ။ သူ့ကို ရုပ်ပုံကတ်ပြားပေါင်း ၁၀၀ ကျော်ကို ကြည့်ပြီး ခွဲခြားရွေးထုတ်ပြနိုင်တဲ့ ကမ္ဘာ့ပထမဆုံး၄ လအရွယ်ကလေးလေးအဖြစ် သိထားကြပါတယ်။

ကာဗယ်ရာလေးက ပန်း ၁၂ ပွင့်၊ ဟင်းသီးဟင်းရွက် ၂၇ မျိုး၊ သစ်သီး ၂၇ ခု၊ တိရစ္ဆာန် ၂၇ ကောင်နဲ့ ငှက် ၂၇ ကောင်တို့ကို ကတ်ပြားတွေပြလိုက်တာနဲ့ ရွေးပြနိုင်စွမ်းရှိပါတယ်။

Ref: Andhra Pradesh’s 4-Month-Old Baby Girl Identifies 120 Objects, Sets World Record

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top